PSV Garuda Vega
၂၀၁၇ ခုနှစ်ထွက် အက်ရှင်ဇာတ်ကား PSV Garuda Vega ထဲက ဆီခါဟာ ဥပဒေကိုလေးစားပြီး အလုပ်တာဝန်ကို အလေးထားတဲ့ အရာရှိတစ်ယောက်ပါ။ အလုပ်အပေါ် အာရုံစိုက်လွန်းတာကြောင့် ဇနီးဖြစ်သူ ဆွာတိနဲ့ အိမ်ထောင်ရေးက ပြိုကွဲလုနီးပါး ဖြစ်နေပါတယ်။ နောက်ဆုံးမှာ မိသားစုကိုပဲ ရွေးချယ်ပြီး အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် ထွက်ခါနီးမှာ လူသတ်မှုတစ်ခု ပေါ်လာတာကြောင့် သူ့ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ရတယ်။ အမှုကို လိုက်စုံစမ်းရင်း ဆက်တိုက်ပေါ်လာတဲ့ သဲလွန်စတွေက သူ့ကို နိုင်ငံရေးလှည့်ကွက်တွေကြား ဆွဲခေါ်သွားပါတယ်။ တစ်ဖက်မှာလည်း နီရာဂျန်ဆိုတဲ့ လူငယ်ဟက်ကာတစ်ယောက်ဟာ သူ့လက်ထဲက အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့ လိုက်သတ်ခြင်းကို ခံနေရတယ်။ ထွက်ပြေးရင်း ဆီခါနဲ့ မတော်တဆ ဆုံမိတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ရန်သူက တစ်ယောက်တည်းဖြစ်နေကြောင်း သိလာရပါတယ်။ မထင်ထားသူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီကိစ္စကို နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ ဆက်သွားပါတယ်။
ဇာတ်လမ်းအကြောင်း