Baththa (2026) လူမိုက်ဘတ်သာ မင်းသားကြီး ဗီဂျေးဆေသူပသီ ရဲ့၂၀၂၆ ခုနှစ်ထွက် အိန္ဒိယ တမီးလ်ဘာသာစကားပြော ဟာသဒရာမာ ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။၁၉၈၆ ခုနှစ် မက်ဒရပ်မြို့က ဘတ်သာ ဟာ လမ်းသရဲဂိုဏ်းစတားတစ်ဦးဖြစ်ပြီး ရပ်ကွက်ထဲမှာ လူတိုင်းက သူ့ကို ကြောက်ရွံ့ကျိုးနွံကြရပါတယ်။ အ_ကြမ်း_ဖက်မှုတွေနဲ့ အမြဲ ပတ်သက်နေတာကြောင့် ဇနီးဖြစ်သူ ကန်နီမာ နဲ့ သမီးဖြစ်သူတို့နဲ့လည်း စိတ်ဝမ်းကွဲပြားပြီး မိသားစုနဲ့ အလှမ်းဝေးနေသူပါ။ တစ်နေ့မှာတော့ ဆာဘာရီ ဆိုတဲ့ ၈ နှစ်အရွယ် ကလေးငယ်လေးဟာ ဘတ်သာရဲ့ ကြမ်းတမ်းတဲ့ ရိုက်နှက်ပွဲတစ်ခုကို မြင်တွေ့သွားပြီး အလွန်ထိတ်လန့်သွားခဲ့ပါတယ်။ ထိတ်လန့်နေတဲ့ ကလေးလေးဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကျောင်းပိတ်ရက် ပိုင်ရှင်မဲ့နေတဲ့ ကျောင်းအိမ်သာတစ်ခုထဲမှာ ဂိုဏ်းစတားကြီး ဘတ်သာကို သော့ခတ်မိသွားခဲ့ပါတယ်။ အပြင်မှာ လူအများ ကြောက်ရတဲ့ ဂိုဏ်းစတားကြီးဟာ အောက်ဆီဂျင်နည်း၊ အစားအစာမရှိဘဲ သော့ပိတ်မိနေတဲ့ အိမ်သာခန်းလေးထဲမှာ ရက်ပေါင်းများစွာ ပိတ်မိရင်း ဘဝမှာ မကြုံဖူးတဲ့ ကူညီရာမဲ့မှု၊ ငတ်မွတ်မှုနဲ့ အထီးကျန်မှုကို စတင်ခံစားရပါတော့တယ်။ ဆာဘာရီလေးကလည်း ကြောက်ကြောက်နဲ့ပဲ အိမ်သာလေဝင်ပေါက်ကနေ မုန့်အနည်းငယ် သွားကျွေးရင်း သူတို့နှစ်ဦးကြား မထင်မှတ်ထားတဲ့ သံယောဇဉ်နဲ့ စကားဝိုင်းလေးတွေ စတင်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေတစ်ဆင့် ဂိုဏ်းစတားကြီး ဘတ်သာတစ်ယောက် သူ့ရဲ့ လွဲမှားခဲ့တဲ့ အတိတ်၊ မိသားစုအပေါ် ပြုမူခဲ့ပုံတွေနဲ့ နူးညံ့တဲ့ စိတ်ဓာတ်ရေးရာ ပြောင်းလဲမှု ကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ ရယ်မောဖွယ်၊ ကြေကွဲဖွယ်ရာတွေနဲ့ အမိုက်စား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 2 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 39m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်