Super Troopers 3 (2026) ဒီဇာတ်ကားလေးကတော့ နယ်လှည့်ယာဉ်ကြောထိန်းသိမ်းရေးအရာရှိတွေ ဘယ်လိုဗရုတ်ကျပြီးတော့ ဘယ်လိုဇာတ်ထုပ်တွေ ဖြည်ကြမလဲဆိုတာကို အူတက်အောင် ခွီရင်း ကြည့်ရှုရမဲ့ ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေရိကန်နေ အိန္ဒိယလူမျိုးဖြစ်တဲ့ အာကော့ဆိုတဲ့ အကြီးတန်းအရာရှိဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အရာရှိတွေနဲ့အတူ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေရာကနေ တစ်နေ့မှာတော့ သူတို့နယ်ကို ဖြတ်သွားတဲ့ သကြားရည်သယ်ယူပို့ဆောင်တဲ့ကားတွေက ခဏခဏ လုယက်ဖျက်ဆီးခံရတာကို ကြုံတွေ့ရပြီး သူတို့ဟာ စတင်စုံစမ်းကြပါတော့တယ်။ အဲဒီအချိန်မှာပဲ အာကော့ရဲ့ ညီမဖြစ်သူ ဆာရီတာက အစ်ကိုဖြစ်သူရှိတဲ့ဆီ လာလည်ဖို့အတွက် ညဘက် ကားမောင်းလာရာကနေ လက်သည်မပေါ်တဲ့ ကားမောင်းသူကြောင့် ကားမှောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အာကော့တို့ ရဲတပ်ဖွဲ့ထဲက ဗရုတ်အကျဆုံး၊ အညစ်ပတ်ဆုံး၊ အကျင့်မကောင်းဆုံး အရာရှိဖြစ်တဲ့ ဖာဗာက အရင်ရောက်သွားပြီး သူ့ညီမကို ကယ်လိုက်ရာကနေ သူ့ညီမက ဖာဗာ့ကို လုံးဝ ကြွေဆင်းသွားရာကနေ လက်ထပ်ဖို့အထိ ဖြစ်လာပါတော့တယ်။ သူ့လုပ်ဖော်ကိုင်ဖက်အကြောင်းကို အသိဆုံးဖြစ်တဲ့ အာကော့က သူ့ညီမကို ဒီလိုကောင်နဲ့ ညားသွားမှာစိုးတဲ့အတွက် ဒီမင်္ဂလာပွဲကို အစွမ်းကုန်လိုက်ဖျက်ဖို့ ကြိုးစားပါတော့တယ်။ ဒီတော့ မင်္ဂလာပွဲကို လိုက်ဖျက်ရတာကတစ်မှောင့်၊ သကြားရည်သယ်ယူပို့ဆောင်တဲ့ကားတွေကို လုယက်ဖျက်ဆီးနေတဲ့သူတွေကို လိုက်လံစုံစမ်းဖမ်းဆီးရမှာက အလုပ်တစ်လုပ်၊ ဒီနှစ်ခုကြားမှာ သူတို့တွေ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.2 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime, Mystery Duration…. 01:44:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်