Tuner (2026) ++++++++ IMDb Rating (7.5) / Rotten Tomatoes (94%) ဒါရိုက်တာ Daniel Roher ရိုက်ကူးပြီး မင်းသားချော Leo Woodall နဲ့ ဝါရင့်မင်းသားကြီး Dustin Hoffman တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ် ။ Rotten Tomatoes မှာလည်း Rating 94% အထိ ရရှိထားလို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နီကီ (Niki)က နားအကြားအာရုံ အလွန်အမင်း ထက်မြက်လွန်းတဲ့ ဝေဒနာ (Hyperacusis) ခံစားနေရတဲ့ စန္ဒရားတီးပါရမီရှင်လူငယ်လေးတစ်ဦးပါ ။ သူဟာ ပတ်ဝန်းကျင်က ဆူညံသံတွေကို မခံနိုင်လို့ နားကြပ်အမြဲတပ်ထားရပြီး သူ့ဆရာကြီး ဟယ်ရီ (Harry) နဲ့အတူ စန္ဒရားတွေကို အသံညှိပေးတဲ့အလုပ် လုပ်နေသူပါ။ ဒါပေမဲ့ သူ့ရဲ့ ဒီထူးခြားတဲ့ အကြားအာရုံဟာ မီးခံသေတ္တာတွေရဲ့ စက်သွားလှည့်သံတွေကိုပါ အသေးစိတ် ကြားနိုင်နေမှန်း သိသွားတဲ့အခါမှာတော့...။ ဒီပါရမီကြောင့်ပဲ သူဟာ ဒုစရိုက်လောကရဲ့ မီးခံသေတ္တာဖောက်တဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်လာပြီး အန္တရာယ်များတဲ့ ရာဇဝတ်မှုတွေထဲ ကျွံဝင်သွားပါတော့တယ်။ သာမန် ဓားပြတိုက်၊ ဘဏ်ဖောက်ဇာတ်လမ်းတွေနဲ့မတူဘဲ "အသံ" ကို အခြေခံပြီး ရင်တထိတ်ထိတ်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်အိမ်မျိုးပါ။ မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကလည်း တကယ့်ကို အပေးအယူမျှလွန်းလို့ ကြည့်ရတာ တကယ်ကို အသက်ဝင်လှပါတယ်။ နီကီတစ်ယောက် ဒုစရိုက်လောကထဲကနေ ဘယ်လိုရုန်းထွက်မလဲ... ဘယ်လို အကျိုးဆက်တွေနဲ့ ကြုံလာရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.34GB) / (830MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 47m Genre ….Crime , Drama , Music, Romance , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်