ဇာတ်ကား / 1987The UntouchablesThe Untouchables(1987)
IMDb....7.9,,,,,Rotten.....80
ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်...သူကငွေကြေးချမ်းသာတဲ့အပြင်
အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေ ရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်..
သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ... ဆိုင်တွေဖြန့်တယ်..
မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်...ဆိုင်ကိုဗုံးခွဲတယ်..
ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်..
ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့ အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်...
အဲဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်...ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်း
သူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်... ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး..
တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်...
ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ....
Kevin Costner, Sean Connery, Robert De Niro တို့ပါ...
ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတော်များများတင်ခဲ့ပါတယ် ...အထူးသဖြင့် Robert De Niro ပေါ့..
.ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ...ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery ကတော့
ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်.
..ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး....
File Size : 2.33 GB & 880 MB
Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p
Format…mp4
Duration…02:00:00
Genre : Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Sherlock
Encoded by Phyo Pyae
ဇာတ်ကားကြည့်ရန်