၈၀ ပြည့်လွန်နှစ်တွေက ထွက်ခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတွေကို လွမ်းနေပြီလား? ဒါဆိုရင်တော့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Silent Rage" ဆိုတဲ့ ဇာတ်ကားလေးက သင့်အတွက်ပါပဲ။ ဒီကားက ရိုးရိုး အက်ရှင်ကား မဟုတ်ပါဘူး။ Chuck Norris ရဲ့ ကရာတေးအက်ရှင်တွေနဲ့ ကြောက်မက်ဖွယ်ရာ လူသတ်ကောင် (Slasher/Horror) ဇာတ်လမ်းပုံစံကို ထူးထူးခြားခြား ပေါင်းစပ်ထားတဲ့ ကားပါ။ တစ်နည်းပြောရရင် "Chuck Norris နဲ့ Michael Myers (Halloween ကားထဲက လူသတ်ကောင်) တို့ ချကြတဲ့ကား" လို့တောင် တင်စားလို့ရပါတယ်။ တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်ခုမှာ ရဲအရာရှိ Dan Stevens (Chuck Norris) တာဝန်ကျနေပါတယ်။ တစ်နေ့မှာတော့ စိတ်ဝေဒနာရှင် John Kirby (Brian Libby) ဆိုတဲ့ လူတစ်ယောက်က လူတွေလိုက်သတ်လို့ ရဲတွေက ဝိုင်းဝန်းပစ်ခတ် ဖမ်းဆီးရပါတော့တယ်။ ဒါပေမယ့် Kirby ဟာ ဆေးရုံရောက်တဲ့အခါမှာ သေလုမျောပါး ဖြစ်နေတာကို သိပ္ပံပညာရှင် သုံးယောက်က အသက်ရှင်အောင်ဆိုပြီး စမ်းသပ်ဆဲ ဆေးအသစ်တစ်မျိုးနဲ့ ကုသလိုက်ပါတယ်။ ပြဿနာက အဲဒီကစတာပါပဲ။ အဲဒီဆေးရဲ့ အာနိသင်ကြောင့် Kirby ဟာ ဒဏ်ရာတွေ ချက်ချင်းပြန်ကျက်နိုင်တဲ့ (Wolverine လိုမျိုး) မသေနိုင်တဲ့ လူသတ်ကောင်ကြီး ဖြစ်လာပါတော့တယ်။ ဒီလို သာမန်လူတွေထက် အဆပေါင်းများစွာ သန်မာပြီး သတ်လို့မသေနိုင်တဲ့ လူသတ်ကောင်ကြီးကို Sheriff Dan Stevens တစ်ယောက် ဘယ်လိုရင်ဆိုင် နှိမ်နင်းမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ အက်ရှင်၊ သိပ္ပံ (Sci-Fi)
ဇာတ်ကားကြည့်ရန်