The History of Sound (2025) IMDb Rating (6.9) / Rotten Tomatoes (70%) ဒီတစ်ခါတော့ သရုပ်ဆောင် Paul Mescal နဲ့ Josh O'Connor တို့ အဓိကပါဝင်ထားတဲ့ The History of Sound ဆိုတဲ့ ရုပ်ရှင်ကားလေး တင်ပေးထားပါတယ်။ ဒီကားက ဒါရိုက်တာ Oliver Hermanus ရိုက်ကူးထားပြီး ပြီးခဲ့တဲ့ ၂၀၂၅ ကိန်းစ်ရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာကတည်းက လူပြောများခဲ့တဲ့ သမိုင်းနောက်ခံ အချစ်ဒရာမာ ကားကောင်းတစ်ကားပါ။ သမိုင်းတွေက သီချင်းတွေကနေ ဖော်ပြတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၉၁၇ ခုနှစ်၊ ပထမကမ္ဘာစစ်ကာလ ဘော့စတွန်မြို့က ဂီတကျောင်းတစ်ခုမှာ စပါတယ်။ လိုင်အိုနယ် (Paul Mescal) နဲ့ ဒေးဗစ် (Josh O'Connor) ဆိုတဲ့ လူငယ် ဂီတကျောင်းသား နှစ်ယောက် ဆုံတွေ့ကြရာကနေ စတာပေါ့။ သူတို့နှစ်ယောက်က ရိုးရာဂီတ (Folk Music) တွေကို အရမ်းဝါသနာပါကြတယ်။ တူညီတဲ့ ဝါသနာကြောင့် ခင်မင်ရာကနေ သံယောဇဉ်တွေ နက်ရှိုင်းသွားကြတယ်။ ဒါပေမဲ့ ဒေးဗစ်က စစ်ထဲဝင်ရတော့ သူတို့နှစ်ယောက် ဝေးသွားကြတယ်။ နှစ်အတော်ကြာလို့ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ သူတို့ ပြန်ဆုံဖြစ်ကြတယ်။ အဲဒီအချိန်မှာ မိန်း (Maine) ပြည်နယ် သစ်တောတွေထဲက ရွာလေးတွေဆီ သွားပြီး ရိုးရာသီချင်းဟောင်းလေးတွေကို အတူတူ လိုက်လံစုဆောင်း မှတ်တမ်းတင်တဲ့ ခရီးစဉ်လေးတစ်ခု ထွက်ခဲ့ကြတယ်။ အဲဒီခရီးစဉ်မှာပဲ သမိုင်းတွေနဲ့ လူတွေရဲ့ဘဝကို ကောင်းကောင်းမြင်ခဲ့ကြရပါတယ်။ Paul Mescal နဲ့ Josh O'Connor တို့ နှစ်ယောက
ဇာတ်ကားကြည့်ရန်