Ameku Takao's Detective Karte (2025) အပိုင်း ၁မှ၉ စ/ဆုံး ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ Drama Mystery Medical အမျိုးအစားဖြစ်တဲ့ ဆေးဆက်ဆိုင်ရာစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အပိုင်း ၉ ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီမှာ ရောဂါရှာဖွေခြင်းကို ဆေးပညာနှင့် ရာဇဝတ်မှုခင်းတို့ ပေါင်းစပ်ပြီး စုံထောက်ဇာတ်လမ်းပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေါက်တာအာမဲခုတာကအိုဟာ တဲနိခါအိ အထွေထွေဆေးရုံက ဒုဒါရိုက်တာတစ်ဦးဖြစ်တဲ့အပြင် ပေါင်းစပ်ရောဂါရှာဖွေရေးဌာနရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တာကအိုဟာ ဆေးရုံကို ရောက်လာတဲ့ လူနာများရဲ့ ရှုပ်ထွေးလွန်းလှတဲ့ ရောဂါတွေကို ရှာဖွေဖော်ထုတ်ကုသပေးနိုင်တဲ့သူဖြစ်တဲ့အပြင် ရဲနဲ့စုံထောက်များပါ မဖြေရှင်းနိုင်ကြတဲ့ ဆေးဘက်ဆိုင်ရာအမှုအခင်းပြဿနာများကိုပါ ကူညီစုံစမ်းဖော်ထုတ်ပေးနိုင်သူအဖြစ် နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။ တာကအိုဟာ ထူးခြားသည့် ဉာဏ်ရည်နှင့် မှတ်ဉာဏ်ရှိသော ပါရမီရှင်ဆရာဝန်ဖြစ်ပေမယ့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလွန်းသူဖြစ်နေတော့ သူ့ဌာနမှာ တစ်ယောက်တည်းဖြစ်နေပါတယ်။ တစ်နေ့ သူ့ဌာနကို ဂျန်ဆဲအိခါအိတက္ကသိုလ်ဆေးရုံက ခွဲစိတ်ပါရဂူဒေါက်တာ တာခါနာရှိ ယု ပြောင်းလာခဲ့ပါတယ်။ တာခါနာရှိဟာ အထက်လူကြီးဖြစ်တဲ့ တာကအိုနဲ့ အဆင်ပြေအောင် ကြိုးစားနေထိုင်ရင်း ရောဂါရှာဖွေရေးဌာနမှာ မြဲသွားပါတော့တယ်။ တာကအိုဟ
ဇာတ်ကားကြည့်ရန်