၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့ကထွက်ရှိထားတဲ့ Turning Red ဆိုတဲ့ Comedy animated movie လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Animated Movie ဆိုလို့ကလေးတွေ၊ ဆယ်ကျော်သက်အတွက်ပဲဖန်တီးထားတဲ့ ဇာတ်ကားမဟုတ်ဘဲ မိဘနဲ့သားသမီးအတူကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရှေ့တိုင်းမိဘတွေနဲ့ ဆယ်ကျော်သက်သားသမီးတွေကြားမှာဖြစ်လေ့ရှိတဲ့ သဘောထားကွဲလွဲမှုပြဿနာမျိုးတွေကို Turning Red ဇာတ်ကားထဲမှာ အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ တရုတ်မိသားစုလေးတစ်စုအဖြစ်ပုံဖော်ရိုက်ကူးထားတာကြောင့်ပါ။ ဒီဇာတ်ကားလေးကိုကြည့်ပြီးရင် ခေတ်လူငယ်သားသမီးတွေရဲ့သဘောထားနဲ့ ခံစားမှုတွေကို မိဘတွေဘက်ကလည်း နားလည်လက်ခံပေးနိုင်သလို သားသမီးတွေကလည်း မိဘတွေရင်ထဲကမေတ္တာကိုမြင်အောင် ကြည့်တတ်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ မေလင်းလီဟာ အသက်၁၃နှစ်အရွယ်ရှိတဲ့ကောင်မလေးတစ်ယောက်ပါ။ သူဟာမျိုးရိုးဂုဏ်သိက္ခာမညှိုးနွမ်းစေရအောင် မိခင်စိတ်ကြိုက်ဘက်စုံထူးချွန်တဲ့ ကျောင်းသူလေးတစ်ယောက်အဖြစ်ရပ်တည်နေသူပါ။ မေဟာ မိခင်သဘောကျကျောင်းမှာလည်းကျောင်းအလျောက်၊ အိမ်မှာလည်းအိမ်အလျောက် လိမ္မာတဲ့သမီးကောင်းလေးဖြစ်အောင် အစွမ်းကုန်ကြိုးစားနေပေမယ့် လူငယ်ပီပီပျော်ပါးချင်တဲ့စိတ်ကလေးလည်းရှိသလို သွက်လက်တဲ့သူငယ်ချင်းတွေနဲ့အတူ လူငယ်ကောင်လေးတွေစုစည်းထားတဲ့ဂီတအဖွဲ့ 4-Town ရဲ့အမာခံပရိသက်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲတရုတ်မိခင်ဖြစ်သူမသိအောင်တော့ဒီအကြောင်းတွ
ဇာတ်ကားကြည့်ရန်