မဝေးတော့တဲ့ မနက်ဖြန်များ (၂၀၂၄) 2024 မှာတော့ sci-fi ဘက်ကို စပြီးခြေချနေတဲ့ ထိုင်းရုပ်ရှင်လောကရဲ့ ခြေလှမ်းသစ်အနေနဲ့ P'mookရဲ့ "စလစ် - မုဆိုးများ" လို P'Nuneရဲ့ "မာယာစံအိမ်" လို scifi ကားလေးတွေ မြင်ရအပြီးမှာ ယခုတစ်ခါထပ်ပြီး နက်ဖလစ်ရဲ့လက်ရာ "မဝေးတော့တဲ့ မနက်ဖြန်များ" ဆိုတဲ့ သိပ္ပံ စီးရီးအသစ်လေး ထပ်မံထွက်ရှိလို့လာပါပြီ။ ဒီကားလေးကတော့ Anthology genreနဲ့ထွက်ရှိလာတာဖြစ်ပြီး သိပ္ပံခေတ်လွန်ခေတ်ကာလတစ်ခုက လူနေမှုဘဝကို တစ်စေ့တစောင်းရိုက်ကူးပြထားတာဖြစ်ပြီး ဒီထဲက scifi concept အနေနဲ့ကတော့ အခုခေတ်လူတွေထဲ ရေပန်းအစားဆုံးသီအိုရီတွေဖြစ်တဲ့ Cloningနဲ့ လူတိုင်းရဲ့လက်စွဲတော်ဖြစ်နေတဲ့ AI တွေအကြောင်းကို အခြေခံထားတာပါ။ အပိုင်း ၁ ဖြစ်တဲ့ "သိုးမည်း" မှာတော့ သေလွန်သွားတဲ့လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇကိုယူ လူကိုCloneလုပ်ပြီး Memory Cloning ကို AIရဲ့အကူအညီနဲ့ ပြန်တည်ဆောက်ပြီး လူအသစ်တစ်ယောက် ပြန်လည်ဖန်တီးတဲ့ ထူးခြားတဲ့conceptတစ်ခုကို မိတ်ဆက်ထားပါတယ်။ အပိုင်း ၂ ဖြစ်တဲ့ "ကောင်းကင်ဘုံလေလား" မှာတော့ ဆင်းရဲတွင်းနက်ခဲ့တဲ့ ဂျက်စီကာတစ်ယောက် ခေတ်လွန်နည်းပညာနဲ့ AI ကိုပေါင်းစပ်ပြီး ကိုယ့်စိတ်ကြိုက် လိင်ဖျော်ဖြေရေးစက်ရုပ်ကို ကိုယ့်ideal typeအတိုင်း ဖန်တီးနိုင်တဲ့နည်းပညာကို မြင်တွေ့ရမှာပါ။ ဘဲပစ်ဆော်ပစ် Forever alone တို့သိပ်ကြိုက်မယ့် conceptလေးတစ်ခုပေါ့။ အပိုင်း ၃ "ဗုဒ္ဓ ဆိုသော အရာ" ဒါကတော့ နည်းနည်းလေးအကဲဆတ်တဲ့ ဘာသာရေးအကြ
ဇာတ်ကားကြည့်ရန်