ဇာတ်ကားများ ရွေးရန်

Kanchana 2

2015ဇာတ်ကားအမှတ် 5.2/10168 မိနစ်

Kanchana 2 (2015) IMDb(5.6/10) Muni လို့လည်း လူသိများတဲ့ Kanchana ရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ Raghava Lawrence က ရိုက်ကူးဖန်တီးထားတာပါ။ ဒီဇာတ်လမ်းတွဲထဲမှာ Muni (၂၀၀၇)၊ Kanchana (၂၀၁၁)၊ Kanchana 2 (၂၀၁၅) နဲ့ Kanchana 3 (၂၀၁၉) ဆိုပြီး ရုပ်ရှင် (၄) ကား ထွက်ရှိထားပြီး Kanchana 4 ကိုလည်း ဆက်လက်ရိုက်ကူးနေပါတယ်။ ထွက်ရှိခဲ့သမျှ ကားတိုင်းဟာ ရုံဝင်ငွေအများကြီးရရှိပြီး အောင်မြင်ခဲ့တာကြောင့် လက်ရှိမှာတော့ တမီးလ်ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲမှာ တတိယမြောက် ရုံဝင်ငွေအများဆုံး ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နေပါတယ်။ ဒီဇာတ်ကားကိုလည်း မင်းသားကြီး Raghava Lawrence ကိုယ်တိုင်ရေး ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင် သရုပ်ဆောင်ထားပြီး မင်းသမီး Tapsee Pannu လည်းပါ၀င်ထားပါတယ်။သရဲကြောက်တတ်လွန်းလို့ ညဘက်ဆို အမေနဲ့မှ အိပ်ရတဲ့ ကင်မရာမန်း ရာဂါဗာနဲ့ TV အစီအစဉ်တစ်ခုအတွက် သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ဆီ သွားရောက်ရိုက်ကူးဖို့ စီစဉ်‌နေတဲ့ ဒါရိုက်တာမလေး နန်ဒီနီ။ ရာဂါဗာ ဟာသရဲကြောက်တတ်လွန်းသူမို့ ဒီရိုက်ကူးရေးကိုမလိုက်ချင်ပေမဲ့ သူပိုးပန်းနေရတဲ့ နန်ဒီနီက ဒါရိုက်အဖြစ်နဲ့ဦးဆောင်မယ်ဆိုတော့ ကြောက်ကြောက်နဲ့ လိုက်လာခဲ့တာပေါ့။ဒီလိုနဲ့ သူတို့အဖွဲ့ ရိုက်ကူးရေးလုပ်ရင်းနဲ့ အဲဒီအိမ်ကြီးထဲမှာ ဝိညာဉ်အာဃာတတွေ၊ မကျွတ်မလွတ်သေးတဲ့ သရဲတွေနဲ့ ကြုံရပြီး နောက်ဆုံးမှာတော့...အဲဒီဝိညာဉ်တွေက ဘယ်သူတွေလဲ၊ သူတို့မှာ ဘယ်လိုနောက်ကြောင်းရာဇဝင်နဲ့ နာကျည်းချက်တွေ ရှိနေလဲဆိုတာကို.....။ File size… 2.9 GB / 1.9 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 48m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း