Bring the Law (2026) ဒက်စ်မွန်လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အရာပိုင်ဖြစ်လာဖို့အတွက် စိတ်ကူးထားခဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာ ဒက်စ်ရဲ့ အစ်ကိုရင်းသဖွယ်လို သဘောထားရပြီး အတူရဲအရာရှိဖြစ်သင်တန်းကို တက်ပြီးတော့ ရဲဖြစ်လာခဲ့တဲ့သူဟာ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ လက်ချက်ကြောင့်သေသွားရပါတယ်။ ဒီလိုနဲ့ ဒက်စ်ဟာစိတ်ဓာတ်ကျသွားပြီး သူ့ကိုရဲဌာနကနေ အနားပေးဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒက်စ်တစ်ယောက် လက်စားချေချင်စိတ်နဲ့ လက်မှားရောက်မှာကိုစိုးလို့ ရဲဌာနချုပ်က သူ့သူငယ်ချင်းဖြစ်တဲ့ ဌာနမှူးတစ်ယောက်က သူ့ကို မူးယစ်ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မြို့ငယ်တစ်မြို့ကို ဒုစရိုက်မှုနှိမ်နင်းဖို့အတွက် ပို့လိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီမြို့မှာ ရဲမှူးလုပ်ခဲ့တဲ့သူဟာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို လတ်တလောခံထားရတာပါ။ ဒီလိုနဲ့ လူစားထိုးရဲမှူးအနေနဲ့ရောက်သွားတဲ့ အုတ်ကလန်းသား ဒက်စ်ဟာရာဇဝတ်မှုပြည့်နေတဲ့မြို့ကြီးကို ဥပဒေစိုးမိုးမှုအောက်ရောက်အောင်လုပ်ဖို့ ဖြစ်လာပါတော့တယ်။ File size… (1.3 GB) / (700 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Thriller Duration…. 01:35:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်