Review စန်ဆိုတဲ့ မိန်းမငယ်လေးက သူဌေးသမီးဖြစ်ပေမယ့် လှောင်အိမ်ထဲက ငှက်ပမာ အိမ်တွင်းအောင်းပြီးသာနေခဲ့ရပါတယ် ကမ္ဘာကြီးကို နားမလည်တဲ့ စန်တယောက် သခင်ကြီးဖမ့်နဲ့ဆုံတွေ့သွားချိန်မှာ အချစ်ဆိုတဲ့အရာကို စတင်ထိတွေ့မိပြီး လက်ထပ်ထိမ်းမြားခဲ့ပါတယ် သူမအတွက်တော့ လှောင်အိမ်တစ်ခုကနေ နောက်လှောင်အိမ်တစ်ခုကို ကူးပြောင်းလိုက်သလိုပါပဲ သူမကို အရမ်းချစ်တဲ့ခင်ပွန်းသည်ဟာ အစိုးရအလုပ်ရှိလို့ တာဝန်ကျရာနေရာကို ထွက်သွားချိန်မှာတော့ ယောက္ခမရဲ့နှိပ်စက်မှုကို အမျိုးစုံခါးစည်းခံပြီး ခင်ပွန်းပြန်အလာကိုသာ အားတင်းစောင့်စားခဲ့ပါတယ် ဒါပေမယ့် ခင်ပွန်းဖြစ်သူပြန်လာချိန်မှာ အရင်လိုမဟုတ်တော့ဘဲ ဆက်ဆံရေးတွေအေးစက်လာခဲ့ချိန် သူမရဲ့ကားမောင်းသမား ထွန်ရဲ့ နားလည်သိတတ်မှုနဲ့ ဂရုဏာသက်မှုတွေအပေါ် စိတ်ယိုင်လာမိရာမှာတော့ ဒီ ရှုပ်ထွေးလှတဲ့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲ ဘယ်လိုအဆုံးသတ်မလဲ........ ဒီငှက်ငယ်လေးရဲ့ သိုဝှက်ထားရတဲ့ ခံစားချက်တွေကို ဘယ်ချိန်မှ ပြသခွင့်ရှိမှာလဲ....... ဆိုတာကို “အချစ်ဝှက်ငှက်ငယ်” ဇာတ်ကားထဲမှာ စောင့်မျှော်ကြည့်ရှုရအောင်ပါ
ဇာတ်ကားကြည့်ရန်