Sign (2011) အပိုင်း (1 မှ 20) စ/ဆုံး ဒီတစ်ခေါက်မှာတော့ Lovers in Paris ထဲက မင်းသားကြီး Park Shin-Yang နဲ့ 200 Pounds Beauty ထဲက မင်းသမီး Kim A-Joong တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး မှုခင်းဒရမ်မာဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ မှုခင်းဆေးပညာအကြောင်းကို အဓိကထား ရိုက်ကူးတဲ့ ပထမဦးဆုံး တောင်ကိုးရီးယား ဒရမ်မာဖြစ်ပြီး The King's Warden ရဲ့ ဒါရိုက်တာ Jang Hang-Jun နဲ့ Signal၊ Kingdom တို့ရဲ့ စာရေးဆရာမ Kim Eun-Hee တို့ ဇနီးမောင်နှံက လက်တွဲဖန်တီးထားတဲ့ လက်ရာလေးပဲ ဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဖျော်ဖြေပွဲလုပ်နေစဉ်အတွင်း ရုတ်တရက် သေဆုံးသွားခဲ့တဲ့ နာမည်ကြီး အိုင်ဒေါအဖွဲရဲ့ ခေါင်းဆောင် ဆောယွန်းဟျောင်း... မှုခင်းဆရာဝန် ယွန်းဂျီဟွန်း (Park Shin-Yang) နဲ့ မှုခင်းစစ်ဆေးရေးအရာရှိ ဂိုဒါဂယောင်း (Kim A-Joong) တီု့က ဒီအမှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးမဲ့ သက်သေအထောက်အထားတွေကို ကြိုးစားရှာဖွေခဲ့ပေမဲ့လည်း အဓိက သံသယရှိသူက နောင်လာမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမဲ့ သမ္မတလောင်းရဲ့ သမီးဖြစ်နေတဲ့အတွက် အမှုတစ်ခုလုံး ဖုံးဖိခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကြာပြီးတဲ့အခါ ယွန်းဂျီဟွန်းနဲ့ မှုခင်းဆရာဝန် ဖြစ်လာတဲ့ ဂိုဒါဂယောင်းတို့က တောင်ပိုင်း အမျိုးသားမှုခင်းဆေးပညာဌာနခွဲမှာ ပြန်လည်ဆုံစည်းပြီး တစ်ဖန် လက်တွဲလုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့... ဒီတ
ဇာတ်ကားကြည့်ရန်