Modern Marriage ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးဇာတ်ကားလေးဖြစ်တဲ့ Mordern Marriage ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Love Actually ဇာတ်ကားထဲက မင်းသား Tong Da Wei နဲ့ Monster Hunt 1, 2 ဇာတ်ကားထဲမင်းသမီး Bai Bai Heတို့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ လင်မယားတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာလေးကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် နာမည်ကြီး တက္ကသိုလ်ကနေဘွဲ့ရထားတဲ့ Shen Huixing (Bai Baihe) က လက်ထပ်ပြီးနောက်မှာအိမ်မက်တွေနုပျိုမှုတွေကိုစွန့်လွှတ်ပြီး မိသားစုအတွက်အချိန်ပြည့်ပေးဆပ်တဲ့မိန်းမသားတစ်ယောက်။ ယောက်ျားဖြစ်သူ Shen Jiang Chuan (Tong Da Wei) ကတော့ အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးပြီးဇနီးနဲ့သမီးအပေါ်အချိန်မပေးနိုင်တော့ ရှိသမျှအိမ်မှုကိစ္စတွေအကုန် Shen Huixing ကဘဲတာဝန်ယူနေရတာပေါ့။ သမီးလေးကြီးပြင်းလာတဲ့အချိန်မှာ Shen HuiXing က အလုပ်လုပ်ဖို့အတွက်အချိန်တန်ပြီလို့ထင်ခဲ့တယ်။ ဒါပေမဲ့ခင်ပွန်းဖြစ်သူ Shen Jiang Chuan တာဝန်ယူရတဲ့ကုမ္ပဏီနဲ့ ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်။ Shen Huixing ကတော့ခင်ပွန်းဖြစ်သူ Shen Jiang Chuan ကို အိမ်မှုကိစ္စတာဝန်ကိုခွဲဝေပေးချင်တယ်။ ဒါပေမဲ့ နှစ်ယောက်ကြားပဋိပက္ခဖြစ်ပြီးကွာရှင်းတဲ့အထိဦးတည်လာခဲ့တယ် နောက်တော့ Shen Huixing ကသူမဖြစ်ချင်တဲ့အိပ်မက်ကို တစ်စတစ်စအကောင်အထည်ဖော်ရင်းတစ်ဖက်မှ
ဇာတ်ကားကြည့်ရန်