The Consultant (2023) The Consultant ဆိုတဲ့ စီးရီးကတော့ IMDb 7.1 ရရှိထားတဲ့Black Comedy၊ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ CompWare ဆိုတဲ့ ဂိမ်းကုမ္ပဏီတစ်ခုကိုအလယ်တန်းကျောင်းက ကလေးတွေ လေ့လာရေးဆင်းရင်းနဲ့ ကုမ္ပဏီရဲ့ Founder ဖြစ်သူ Sang-woo ကိုကလေးတစ်ယောက်က သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။Sang-Woo မရှိတော့တဲ့နောက်ပိုင်း ကုမ္ပဏီက ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာRegus Patoff ဆိုတဲ့ အကြံပေးက ရုတ်တရက်ရောက်လာပြီးသူ့ကို Sang-Woo က တာဝန်ပေးထားခဲ့တာဆိုပြီးတော့ ကုမ္ပဏီကို လွှဲယူလိုက်ပါတယ်။သူ စရောက်ရောက်ချင်းမှာ ရုံးချိန်နောက်ကျတဲ့ဝန်ထမ်းတို့၊ အနံ့အသက်မကောင်းတဲ့ ဝန်ထမ်းတို့ကိုအလုပ်ဖြုတ်ပစ်တာကြောင့် သူ့ကို ကြည့်မရကြပါဘူး။ အဲဒါကြောင့် Sang-woo ရဲ့လက်ထောက်ဖြစ်တဲ့ Elaine နဲ့ ကုမ္ပဏီကဝန်ထမ်း Craig တို့ကRegus Patoff ရဲ့နောက်ကြောင်းကို စုံစမ်းကြပါတော့တယ်။အဲဒီလိုနဲ့ Sang-woo နဲ့ Regus Patoff ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ၊စည်းကမ်းတင်းကြပ်တဲ့ Regus Patoff နဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားက ဆက်ဆံရေးရော အဆင်ပြေပါ့မလားဆိုတာကိုအစအဆုံး ၈ ပိုင်း ရှိတဲ့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့။ အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Moh Moh, Mary Christ, Sai Thurein Lynn, Hugo,Xavier Zy, Hetang, KyalSin Yati Ko တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Drama Quality…. 1080p File size… 400MB Format
ဇာတ်ကားကြည့်ရန်