Buddy (2026) IMDb Rating (7.0) / Rotten Tomatoes (88%) ရုပ်ရှင်ကားကတော့ ထူးခြားဆန်းကြယ်တဲ့ အင်ဒီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၆ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး လူကြိုက်အရမ်းများခဲ့သလို၊ ရုံတင်ဝင်ငွေလည်း ဒေါ်လာ ၂၇ သန်းကျော်အထိ ရရှိထားတဲ့ အောင်မြင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း "It's Buddy!" ဆိုတဲ့ ကလေး တီဗီအစီအစဉ်တစ်ခုထဲမှာ ကလေးတွေ ပိတ်မိနေရာကနေ စတင်ပါတယ်။ အဲဒီအစီအစဉ်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ လိမ္မော်ရောင် ယူနီကွန်းကြီး Buddy ဟာ အပြင်ပန်းမှာ ချစ်စရာကောင်းပေမဲ့ တကယ့်တကယ်တော့ အလွန်ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ကြီး ဖြစ်နေပါတယ်။ ကလေးတွေဟာ တီဗီအစီအစဉ်ထဲမှာ နေ့တိုင်း သီချင်းတွေဆို၊ ကခုန်ပြီး ပျော်ရွှင်နေရသယောင် ဟန်ဆောင်နေကြရတာပါ။ တစ်နေ့မှာတော့ ကလေးတစ်ယောက်က Buddy ခိုင်းတဲ့အတိုင်း မလုပ်ဘဲ ငြင်းဆန်လိုက်တဲ့အခါမှာတော့ ဒီတုပထားတဲ့ ကမ္ဘာလေးရဲ့ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂရေ့စ် ဆိုတဲ့ မိခင်တစ်ယောက်ဟာ ဒီအစီအစဉ်ထဲမှာ ပိတ်မိနေတဲ့ သူ့သမီးလေး ဖရက်ဒီ ကို ကယ်တင်ဖို့အတွက် အစီအစဉ်ထဲကို ကိုယ်တိုင် ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလေးတွေနဲ့ ဂရေ့စ်တို့ ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ၊ ဒီကြောက်စရာကောင်းတဲ့ တီဗီအစီအစဉ်ထဲကနေ လွတ်မြောက်အောင် ဘယ်လို ကြိုးစားကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ ဂရေ့စ် အဖြစ် ခရစ္စတင် မီလီအိုတီ၊ ဖရက်ဒီ အဖြစ် ဒီလာနီ ကွင်း တို့ ပါဝင်ထားပြီး ယူနီကွန်းကြီး Buddy ရဲ့ အသံကိုတော့ ကီးဂန် မိုက်ကယ်ကီး က အသက်သွင်းပေးထားပါတယ်။ ပုံမှန် ကြည့်နေကျ သရဲကားတွေနဲ့မတူဘဲ ကလေးတွေရဲ့ အပြစ်ကင်းစင်တဲ့ ကမ္ဘာလေးပုံစံနဲ့ ထိတ်လန့်စရာကောင်းအောင် ဖန်တီးထားတဲ့ ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ Buddy ကားလေးကို ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File size… (2.4 GB) / (990 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 01:36:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်