အငြင်းပွားမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုဆီ ထောက်လှမ်းရေးအရာရှိ အမန်း တာဝန်ကျလာပါတယ်။ သူ့တာဝန်က အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကူညီပေးရမှာပါ။ ဒါပေမဲ့ အဲဒီဒေသကို ရောက်လာတဲ့အခါ နှစ်ဖက်ကြားမှာ မြေစာပင်ဖြစ်နေရတဲ့ ဒေသခံတွေရဲ့ဘဝကို သူမြင်လာရတယ်။ နှိပ်စက်ညှဉ်းပန်းခံနေရသူတွေနဲ့ မတတ်သာတဲ့အဆုံး ဒုက္ခတွင်းထဲ နစ်သွားကြတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းရေးကို လူတိုင်းက လိုလားနေကြတာတော့ မဟုတ်ပါဘူး။ တချို့က ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေသယောင် ပြုမူရင်း အကြမ်းဖက်မှုတွေ လုပ်နေကြတာကို အမန်း တွေ့လာရပါတယ်။ ကိုယ်မှန်တယ်ထင်တာကို လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အရာရှိတစ်ယောက်အတွက် ဒီစစ်ဆင်ရေးခရီးက ဘယ်လိုဆက်ဖြစ်လာမလဲ။ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ပြေလည်မှုရဖို့ လိုလားတာနဲ့ တကယ်အေးအေးချမ်းချမ်း နေထိုင်ခွင့်လိုအပ်နေတာတို့ရဲ့ ကွာဟချက်ကိုလည်း ဇာတ်လမ်းက ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်