Samakdo (2026) ဒီတစ်ခေါက်မှာ တင်ဆက်ပေးချင်တာကတော့ Flex x Cop ထဲက မင်းသား Kwak Si-Yang နဲ့ Welcome to Samdal-ri ထဲက မင်းသမီး Jo Yunseo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးပဲ ဖြစ်ပါတယ်။ 1945 ခုနှစ်က The Pure White Cult ဆိုတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကို ကျောရိုးယူထားပြီး ဘာသာရေးအယူသည်းပုံတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးပြထားတာမို့လို့ Occult အမျိုးအစား ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက်တော့ စိတ်ကျေနပ်မှုအပြည့်ရစေမဲ့ ရုပ်ရှင်လေး ဖြစ်မှာ အသေအချာပါပဲ။ - ဇာတ်လမ်းအကျဉ်း - မာချီဒါ ဒါအီခီ (Kwak Si-Yang) ကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး အစွန်းရောက်ဘာသာရေးဂိုဏ်းဖြစ်တဲ့ အာခါမိုရီဂိုဏ်းအကြောင်းကို စုံစမ်းနေတဲ့ ဂျပန်သတင်းထောက်တစ်ဦးပါ။ သဲလွန်စတွေနောက်ကို လိုက်ရင်းလိုက်ရင်း အာခါမိုရီဂိုဏ်းက ဂျပန်ကိုလိုနီခေတ်နောက်ပိုင်း ပျောက်ကွယ်သွားပြီလို့ ယုံကြည်ထားကြတဲ့ အစွန်းရောက်ဘာသာရေးဂိုဏ်း ဆမ်ဆွန်းဒိုနဲ့ ဆက်စပ်နေမှန်း သိလိုက်ရတဲ့ မာချီဒါဟာ ကိုးရီးယားဘက်က မှတ်တမ်းရုပ်ရှင် ပီဒီဖြစ်တဲ့ ချယ်ဆိုယွန်း (Jo Yunseo) နဲ့အတူ ဆမ်ဆွန်းဒိုဂိုဏ်းရဲ့ အစပြုရာနေရာဖြစ်တဲ့ ယုံးဆမ်ရီဆိုတဲ့ ရွာလေးကို သွားရောက်ပြီး သတင်းလိုက်ဖြစ်သွားတဲ့အခါမှာတော့... သူတို့နှစ်ဦးအတူ ယုံးဆမ်ရီရွာလေးက ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်
ဇာတ်ကားကြည့်ရန်