စိတ်အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် ၂၀၀၀ ပြည့်လွန်နှစ်တွေက Classic Romantic Comedy ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသား Jason Biggs နဲ့ မင်းသမီး Isla Fisher တို့ အဓိကပါဝင်ထားတဲ့ "Wedding Daze" (တစ်နည်းအားဖြင့် The Pleasure of Your Company) ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Anderson ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းရိုမန်တစ်ဆန်ဆန် Cupid ဝတ်စုံကြီးဝတ်ပြီ) လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားရာကနေ... ကောင်မလေးက အလွန်အမင်း အံ့ဩဝမ်းသာသွားပြီး နှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Anderson တစ်ယောက် စိတ်ဒဏ်ရာရပြီး တစ်နှစ်လောက်ကြာတဲ့အထိ အချစ်သစ်မရှာနိုင်ဘဲ အထီးကျန်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းက နောက်ထပ် အချစ်သစ်ပြန်ရှာဖို့ တိုက်တွန်းတာကြောင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးနေတဲ့ မိန်းကလေး Katie (Isla Fisher) ကို ဘာစိတ်ကူးပေါက်သွားမှန်းမသိဘဲ ရမ်းပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ပိုအံ့ဩစရာကောင်းတာက Katie ဟာလည်း သူ့ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘဝကြီးကနေ ရုန်းထွက်ချင်နေတဲ့အချိန်ဖြစ်နေတော့ ဘာမတွေးညာမတွေးနဲ့ လက်ခံလိုက်တဲ့အခါ... လုံးဝမသိကျွမ်းတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ကမောက်ကမ စေ့စပ်ပွဲကြီး စတင်ပါတော့တယ်။ ဒီကားလေးက ၂၀၀၀ ပြည့်လွန်နှစ်တွေက Rom-Com တွေရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ (Feel-good) ဇာတ်ကားမျိုးပါ။ တစ်ယောက်ကိုတစ်ယ
ဇာတ်ကားကြည့်ရန်