Dirty Hands (2026) +++++++++ "Dirty Hands" (၂၀၂၆) ကတော့ ဒီနှစ် ဧပြီလကုန်ပိုင်းကမှ အသစ်ထွက်ရှိထားတဲ့ အက်ရှင်၊ ရာဇဝတ်မှုနဲ့ ဒရာမာအမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းက ချီကာဂိုမြို့ရဲ့ မှောင်ခိုလောကထဲမှာ ကျင်လည်နေတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Richie နဲ့ Danny Denton တို့အကြောင်းပါ။ သူတို့ဟာ ဒေသခံဂိုဏ်းစတားတစ်ယောက်ဆီမှာ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးအလုပ် လုပ်ကိုင်နေကြသူတွေပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ အလုပ်က ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ပစ္စည်းလွှဲပြောင်းမှုတစ်ခုက အကြီးအကျယ် လွဲချော်သွားပြီး မမျှော်လင့်ဘဲ အင်အားကြီးတဲ့ ရာဇဝတ်အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက်ရဲ့ သားဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ အဲဒီညမှာပဲ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝက ပြောင်းပြန်လှန်သလို ဖြစ်သွားပါတယ်။ သူတို့ကိုခိုင်းတဲ့ဂိုဏ်းချုပ်ကလည်း သက်သေဖျောက်ဖို့ ကြိုးစားလာသလို၊ သားဖြစ်သူ သေဆုံးသွားတဲ့ ပြိုင်ဘက်ဂိုဏ်းကလည်း သူတို့ကို အငြိုးတေးပြီး လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ Richie ရဲ့ ချစ်သူ Sheila ကလည်း သူ့ချစ်သူနဲ့ ဂိုဏ်းချုပ်အပေါ် သစ္စာစောင့်သိမှုကြားမှာ ဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတာ ဗျာများခဲ့ရပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက တစ်ညတာအတွင်းမှာပဲ ဖြစ်ပျက်တာဖြစ်ပြီး ညီအစ်ကိုနှစ်ယောက်ဟာ ရန်သူတွေ ဝိုင်းနေတဲ့ကြားကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ Patrick Muldoon နဲ့
ဇာတ်ကားကြည့်ရန်