M.I.S.S.I.O.N. Opera Undercover Agent (2026) // M.I.S.S.I.O.N.: Kageki na Sennyû Sôsakan (2026) ဂျပန်စုံထောက်ဟာသကားကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ ဒီဇာတ်ကားကတော့ တက္ကသိုလ်ကျောင်းနောက်ခံ အကြမ်းဖက်ရာဇဝတ်မှုခင်းဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Yôsuke Gotô ဖြစ်ပြီး Shunsuke Michieda ၊ Shiori Kubo နဲ့ Nagisa Shibuya အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ခါနာတာဟာ တိုကျိုမြို့တော်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနခွဲ ၃ က ငယ်ရွယ်ပြီး ထူးချွန်ထက်မြက်တဲ့ စစ်ဆေးရေးမှူးဖြစ်ပါတယ်။ သူ့အားနည်းချက်ကတော့ ပေါင်းသင်းဆက်ဆံရေးညံ့တာပါ။ ခါနာတာရဲ့ ထူးချွန်တဲ့ပြောင်မြောက်တဲ့မှတ်တမ်းတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးဌာနက ဌာနမှူး ဒိုအိဂါကီက သူ့ကို ဆက်သွယ်လာခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ချင်နေတဲ့ ခါနာတာဟာ .. တိုကျိုမြို့ ၃ ကြိမ်ဆက်တိုက် ဒရုန်းနဲ့ဗုံးခွဲမှုနဲ့ပတ်သက်တဲ့ ဒရုန်းစတင်ပျံသန်းရာ ဆုဘာကီနိုအနုပညာတက္ကသိုလ် စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးအပ်တာကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆုဘာကီနိုအနုပညာတက္ကသိုလ်က မိန်းကလေးအများစုတက်နေတဲ့ တက္ကသိုလ်ဖြစ်နေတော့ ခါနာတာဟာ မိန်းကလေးလို ရုပ်ဖျက်ဝတ်စားပြီး မိန်းကလေးဆောင်ထဲကို သွားရောက်နေထိုင်ရပါတော့တယ်။ အဆောင်ကို စရောက်ရောက်ချင်းညမှာပဲ ရီ
ဇာတ်ကားကြည့်ရန်