God's Shirt (2026) IMDb Rating (6.6) "ကွင်းပြင်ပက စီးပွားရေးဆန်မှုတွေနဲ့ ကွင်းအတွင်းက သွေးချင်းနီးစပ်တဲ့ ဘောလုံးရူးသွပ်မှုတွေကြား... သမိုင်းဝင် အင်္ကျီတစ်ထည်ရဲ့ ဝိညာဉ်" ဘောလုံးဆိုတာ သာမန်ကစားနည်းတစ်ခုထက် ပိုပါတယ်။ အချို့သူတွေအတွက်တော့ အသက်ရှူသံဖြစ်သလို၊ အချို့သူတွေအတွက်တော့ ဘာသာတရားတစ်ခုလိုကို သက်ဝင်ယုံကြည်ကြတာပါ။ ဒီဇာတ်ကားဟာ ဘောလုံးသမိုင်းမှာ ဩဇာအရှိဆုံး ဂျာစီတစ်ထည် (Casaca) ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ အားပြိုင်မှုတွေနဲ့ လူသားတို့ရဲ့ ရူးသွပ်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးပြထားပါတယ်။ အာဂျင်တီးနားရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ဒီယေဂို မာရာဒိုနာရဲ့ သမိုင်းဝင် ဂျာစီအင်္ကျီကို အခြေခံပြီး ပြောင်မြောက်စွာ ပုံဖော်ထားတဲ့ အာဂျင်တီးနား Comedy Drama / Mystery ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားအသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့တဲ့ (မာရာဒိုနာက "Hand of God" ဂိုးအပါအဝင် ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုးတွေ သွင်းခဲ့တဲ့) နာမည်ကျော် ပွဲစဉ်ကနေ စတင်ထားပါတယ်။ အဲဒီပွဲမှာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ အပြာရောင်အိုင်ကွန်နစ် ဂျာစီအင်္ကျီဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ ကြာလွန်ပြီးနောက် အဲဒီတန်ဖိုးမဖြတ်နိုင်တဲ့ ဂျာစီကြီးကို လေလံတင်ရောင်းချဖို့ဖြစ်လာတဲ့အခါ မိသားစုဝင်တစ်ဦး ဆုံးရှုံးထားလို့ ဝမ်းနည်းပူဆွေးနေရတဲ့ အာဂျင
ဇာတ်ကားကြည့်ရန်