OK! Let's Get Divorced (2026) အပိုင်း (၁ မှ ၁၂) စ/ဆုံး တစ်ယောက်ကိုတစ်ယောက် မုန်းလို့ မဟုတ်ဘဲ ပင်ပန်းလွန်းလို့ လမ်းခွဲချင်ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ ရယ်စရာ၊ ဝမ်းနည်းစရာနဲ့ တလွဲဟာသလေးတွေကို မျှမျှတတကြည့်ရမယ့် Rom Com ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားထဲမှာတော့ Monthly Magazine Home မှ မင်းသား Kim Ji Suk နဲ့ Villains ဇာတ်ကားမှ မင်းသမီး Lee Min Jung တို့ အဓိကပါဝင်ထားပြီး တခြား သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ငယ်စဉ်က အဖေဖြစ်သူ ဝတ်စုံဆိုင်ဖွင့်ထားတာကို ကြည့်ရင်း Baek Mi Young (Lee Min Jung) ဟာ အမျိုးသမီး အပ်ချုပ်သမားတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ အလုပ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ရင်း မင်္ဂလာဝတ်စုံဆိုင်တစ်ခုမှာ အတူတူအလုပ်လုပ်နေတဲ့ ဒီဇိုင်နာ Ji Won Ho (Kim Ji Suk) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Won Ho ကလည်း Mi Young ကို မြင်မြင်ချင်း သဘောကျမိသွားပြီး ချစ်သူဖြစ်ပြီး ၆ လအကြာမှာ လက်ထပ်ခဲ့ပြီးနောက် နှစ်ယောက်အတူတူ G&White ဆိုတဲ့ မင်္ဂလာဝတ်စုံကုမ္ပဏီကို တည်ထောင်ပြီး အလုပ်နဲ့ဘဝကို အတူတူ တည်ဆောက်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ပြဿနာကြီးကြီးမားမားမရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပေမဲ့ အိမ်ထောင်သက် ၄
ဇာတ်ကားကြည့်ရန်