"လှောင်အိမ်ထဲက ထောင်ချောက်" "ခွန်"နဲ့"ဂျိ"တို့ဟာ အိမ်ထောင်သက်၆နှစ်ကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေပါ။ သူတို့မှာ ဂျိုင်ဒီဆိုတဲ့ သမီးငယ်လေးတစ်ယောက်လည်းရှိပါတယ်။ "ဂျိ"ဟာ လက်မထပ်ခင် ရုံးဝန်ထမ်းလုပ်ခဲ့ပေမယ့် လက်ထပ်ပြီးတဲ့နောက် ယောကျ်ားအလိုကျ ကလေးကိုပဲသေချာဂရုတစိုက်ပျိုးထောင်စေချင်တာကြောင့် အလုပ်ကထွက်ခဲ့ပြီး အိမ်ရှင်မလုပ်ရင်း ကလေးနဲ့အိမ်အလုပ်တွေကို တာဝန်ယူရပါတယ် "ခွန်ခေါင်"ဟာ အပြင်ထွက်အလုပ်လုပ်ပြီး မိသားစုနဲ့ကလေးအတွက်အပြင် "ဂျိ"ရဲ့မိခင်ကိုပါ တဖက်တလှမ်းက ငွေရေးကြေးရေးထောက်ပံ့ပေးနေသူပါ။ ဒါ့အပြင် "ခွန်ခေါင်"ဟာ အိမ်မှာဆိုရင်လည်း ဖခင်တာဝန်တွေကိုကျေပွန်ပြီး သူ့သမီးလေးကို အရမ်းချစ်ရှာပါတယ်။ မိသားစုအပေါ် အရမ်းချစ်တယ် ပြည့်စုံအောင်ထားတယ်လိုထင်ရပေမယ့် "ခွန်ခေါင်"ဟာ နှစ်တွေအကြာကြီး မိန်းမဖြစ်သူ "ဂျိ" မသိအောင် ဖောက်ပြန်နေခဲ့ပါတယ်။ တနေ့မှာတော့ "ဂျိ"ဟာ သမီးဖြစ်သူကို ကျောင်းသွားပို့ရင်း ယောက်ျားဖောက်ပြန်နေခဲ့တာကို ဖမ်းမိခဲ့ပါတယ်။ ဒီလိုနဲ့ ကွာရှင်းပေးဖို့တောင်းဆိုရင်း "ခွန်ခေါင်"ဟာ တစ်အိမ်လုံးကိုအပြင် "ဂျိ"ရဲ့မိခင်ဖြစ်သူကိုပါ ထောက်ပံ့ပေးနေတာကြောင့် ခြိမ်းခြောက်အနိုင်ယူပါတော့တယ်။ "ဂျိ" အနေနဲ့ "ခွန်ခေါင်"ရဲ့ခြိမ်းခြောက်မှုဒဏ်တွေကို ဘယ်လောက်ထိဆက်ပြီး သည်းခံနိုင်ပါ့မလဲ၊ ကွာရှင်းဖို့ဘယ်လိုကြိုးစားမလဲ၊ အိမ်ထောင်ရေးဆိုတာ ပိုက်ဆံ
ဇာတ်ကားကြည့်ရန်