No Tail to Tell (2026) အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒဏ္ဍာရီလာ မြေခွေးမလေးတစ်ကောင်နဲ့ နာမည်ကြီး ဘောလုံးကြယ်ပွင့်တစ်ဦးတို့ရဲ့ Fantasy/Rom-Com ဇာတ်ကားလေး ထွက်ရှိလာခဲ့ပါပြီ။ All of us are dead, Revenge of Others မှာ ခပ်မိုက်မိုက် ပါဝင်ထားခဲ့ပြီး ပရိသတ်အချစ်ကို ရရှိထားခဲ့တဲ့ Park Solomon နဲ့ Extraordinary You မှစလို့ Lovely Runners အဆုံး ချစ်စရာအမူအရာလေးတွေနဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြသခဲ့တဲ့ Kim Hye Yoon တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း Eun Ho(Kim Hye Yoon) ဟာ ဆုတောင်းတွေကို ဖြည့်ပေးရတဲ့ အမြှီးကိုးချောင်း မြေခွေးမလေးဖြစ်ပြီး တခြားဂူမီဟိုတွေနဲ့ မတူဘဲ လုံးဝ လူသားဖြစ်မလာချင်တဲ့သူတစ်ဦးပါ။ မြိုဟျန်းတောင်မှာ မွေးဖွားလာခဲ့တဲ့ သူမဟာ နှစ်ပေါင်းများစွာကြာအောင် လူဖြစ်လာဖို့အတွက် လေ့ကျင့်ခဲ့ပေမဲ့လည်း .. နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို လူသားဖြစ်လာအောင် မလုပ်တော့ဖို့ စိတ်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ်ချစ်စိတ် ပြင်းထန်ပေမဲ့ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ Kang Shi-Yeol (Lomon) ကတော့ အရည်အချင်းပြည့်ဝတဲ့ ဘောလုံးအားကစားသမားဖြစ်ပြီး သူ့ဘဝဟာ အံ့အားသင့်စရာဆိုတာထက် အသေးစိတ်သတ်မှတ်ထားတဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ပဲ ဟန်ချက်ညီညီ ပုံမှန်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆုတောင်းတစ်ခုကြောင့် .. လူသားဖြစ်မလာချင်ခဲ့တဲ့ Eun Ho ဟာလည်း
ဇာတ်ကားကြည့်ရန်