This City Is Ours (2025) S1 +++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး IMDb Rating (7.8) / Rotten Tomatoes (92%) ဂိုဏ်းစတား ဇာတ်လမ်းခပ်ကြမ်းကြမ်း ကြိုက်တဲ့သူတွေအတွက် "This City Is Ours" ဆိုတဲ့ ဇာတ်လမ်းတွဲလေးတင်ပေးလိုက်ပါပြီ။ တကယ်တော့ ဒီကားက UK ရဲ့ BBC One မှာ ၂၀၂၅ ကတည်းက ပြသခဲ့တာဖြစ်ပေမယ့် အခု ၂၀၂၆ ကျမှ AMC+ ကနေ အမေရိကန်နဲ့ တခြားနိုင်ငံတွေအတွက် ပြန်ထုတ်လွှင့်ပေးမယ့် ဇာတ်ကားလေးပါ။ ဒီကားကို ဖန်တီးတဲ့သူကတော့ Stephen Butchard ဖြစ်ပြီး၊ ဒါရိုက်တာ Saul Dibb, John Hayes နဲ့ Eshref Reybrouck တို့က ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ Game of Thrones ထဲက နာမည်ကြီး မင်းသားကြီး Sean Bean က ဂိုဏ်းချုပ်ကြီး Ronnie Phelan နေရာကနေ ပါဝင်ထားပါတယ်။ သူ့အပြင် James Nelson-Joyce (Michael နေရာ)၊ Jack McMullen (Jamie နေရာ) နဲ့ Hannah Onslow (Diana နေရာ) တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် +++++++++++++ ဇာတ်လမ်းက အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့က ကိုကင်း မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါ။ ဂိုဏ်းချုပ်ကြီး Ronnie Phelan (Sean Bean) က အသက်အရွယ်ရလာတော့ ဒီအလုပ်တွေကနေ အနားယူဖို့ စဉ်းစားလာတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ Michael နဲ့ သွေးဆူလွယ်တဲ့ သားအရင်း Jamie တို့နှစ်ယောက်ကြားမှာ အာဏာလုပွဲ စတင်ပါတေ
ဇာတ်ကားကြည့်ရန်