၂၀၂၅ ခုနှစ်က Amazon Prime မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့ ဗြိတိန်အချစ်ဒရာမာဇာတ်ကား "My Fault: London" ရဲ့ ဒုတိယမြောက် အဆက်ဖြစ်တဲ့ "Your Fault: London" ဟာ ပရိသတ်တွေရှေ့ကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၇) ရက်နေ့မှာ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ စာရေးဆရာမ Mercedes Ron ရဲ့ နာမည်ကြီး "Culpables" ဝတ္ထုတွဲတွေထဲက ဒုတိယမြောက်စာအုပ် "Culpa Tuya" ကို အခြေခံပြီး လန်ဒန်မြို့နောက်ခံနဲ့ အင်္ဂလိပ်ဗားရှင်းအဖြစ် ဆက်လက်အသက်သွင်းထားတာပါ။ ပထမဇာတ်ကားမှာ အသက်အန္တရာယ်နဲ့ အခက်အခဲပေါင်းများစွာကို အတူတူကျော်ဖြတ်ပြီး ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ ဖအေတူမအေကွဲ (Step-siblings) မောင်နှမတွေဖြစ်တဲ့ Noah (Asha Banks) နဲ့ Nick (Matthew Broome) တို့ရဲ့ အချစ်ရေးဟာ ဒီဇာတ်ကားမှာတော့ စမ်းသပ်မှုအသစ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ Nick က သူ့ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း ဘဝရဲ့ခြေလှမ်းသစ်ကို စတင်နေချိန်မှာပဲ Noah ကလည်း တက္ကသိုလ်ကျောင်းသူဘဝကို စတင်ဖြတ်သန်းရပါတယ်။ ပတ်ဝန်းကျင်အသစ်၊ အပေါင်းအသင်းအသစ်တွေနဲ့ လုပ်ငန်းခွင်က လူသစ်တွေ (ဥပမာ- Sophia, Michael စတဲ့ ဇာတ်ကောင်သစ်တွေ) ကြောင့် သူတို့နှစ်ဦးရဲ့ ကြားမှာ နားလည်မှုလွဲမှားစရာတွေ၊ သဝန်တိုစရာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ မိဘတွေကပါ သူတို့ရဲ့ ဆက်ဆံရေးကို သဘောမတူဘဲ ခွဲထားချင်တဲ့အပြင် ပြင်ပက နှောင့်ယှက်မှုတွေပါ ဝင်လာတဲ့အခါ Nick နဲ့ Noah တို့ရဲ့ အချစ်က ဒီဒဏ်တွေကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ စိ
ဇာတ်ကားကြည့်ရန်