၁၉၉၃ ခုနှစ်ထွက် Green Snake ဆိုတဲ့ရုပ်ရှင်ကားလေးဟာ ဟောင်ကောင်နာမည်ကျော်ဒါရိုက်တာ Tsui Hark ရိုက်ကူးထားတဲ့ ဂန္ထဝင်စိတ်ကူးယဉ်ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် မင်းသမီး Wang Zuxian၊ Maggie Cheung၊ မင်းသား Vincent Zhao နဲ့ Wu Xingguo တို့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပိုမိုတန်ဖိုးထားခံရတဲ့ လက်ရာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်တရုတ်ဒဏ္ဍာရီ မြွေဖြူကို အခြေခံထားပေမဲ့ ဒီဇာတ်ကားကတော့ မြွေစိမ်း ရှောင်ချင်းရဲ့ ရှုထောင့်ကနေ အချစ်၊ လောကဓံ၊ လူ့သဘာဝနဲ့ ကောင်းဆိုးအယူအဆတွေကို ဆန်းသစ်တဲ့ပုံစံနဲ့ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ် လှပတဲ့ ရုပ်ပုံဖန်တီးမှု၊ အရှေ့တိုင်းအလှတရားတွေနဲ့ အတွေးအခေါ်နက်ရှိုင်းတဲ့ ဇာတ်ကြောင်းတွေကြောင့် ဒီနေ့ချိန်ထိတရုတ်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာ နှစ်ပေါင်းရာချီ ကျင့်ကြံလာခဲ့တဲ့ မြွေမိစ္ဆာညီအစ်မနှစ်ယောက်ဟာ လူအသွင်ပြောင်းပြီး လူသားလောကမှာ နေထိုင်ဖို့ ဆုံးဖြတ်ကြပါတယ် အစ်မဖြစ်သူ ပိုင်စုကျန်းက လူသားတစ်ယောက်ဖြစ်တဲ့ ရွှီရှန်းကို ချစ်မိပြီး အိမ်ထောင်ပြုလိုက်ပေမဲ့ ညီမဖြစ်သူ ရှောင်ချင်းကတော့ လူသားတွေရဲ့ စိတ်ခံစားချက်နဲ့ အချစ်ဆိုတာကို နားမလည်သေးပါဘူး တစ်ဖက်မှာလည်း မိစ္ဆာတွေကို နှိမ်နင်းဖို့ သန္နိဋ္ဌာန်ချထားတဲ့ ဘုန်းတော်ကြီးတစ်ပါးက လူနဲ့မိစ္ဆာတို့ရဲ့ ဆက်ဆံရေးကို လက်မခံဘဲ ပိုင်စုကျန်းတို့ကို အဆက်မပြတ် လိုက်
ဇာတ်ကားကြည့်ရန်