100 Days of Deception (2026) အပိုင်းသစ် (10) ဂျပန်ကိုလိုနီခေတ် ဂယောင်းဆောင်းမြို့ကြီးမှာ အသက်ရှင်ဖို့အတွက် လမ်းဘေးခါးပိုက်နှိုက်၊ လူလိမ်မလေးအဖြစ်ကျင်လည်နေရတဲ့ “အီဂါဂယောင်း” (Kim Yoo Jung) ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူ့ရဲ့တစ်သက်တာရည်မှန်းချက်ကတော့ ပိုက်ဆံရှာပြီး ဒီဒုက္ခတွင်းထဲကနေ အဝေးဆုံးကိုထွက်ပြေးဖို့ပါပဲ။ ဒါပေမဲ့ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့နဲ့ သဘောတူညီချက်တစ်ခုယူလိုက်ရပြီး ကိုရီးယား ဂျပန်ဘုရင်ခံချုပ်ရုံးကြီးထဲမှာ ဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီး ရက်ပေါင်း ၁၀၀ တိတိ အယောင်ဆောင်သူလျှိုအဖြစ်အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အသက်ရှင်သန်ရေးသက်သက်အတွက်နဲ့စတင်ခဲ့တဲ့ ဒီဟန်ဆောင်ကစားပွဲဟာ အချိန်ကြာလာတာနဲ့အမျှ သူ့ကို နိုင်ငံရေးအရှုပ်အထွေးတွေ သစ္စာစောင့်သိမှုတွေနဲ့ ယုံကြည်ချက်တွေကြားဗျာများရတဲ့ စစ်မှန်တဲ့သတင်းပေးတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်းတွန်းပို့ပေးပါတော့တယ်။ ဒီလိုအန္တရာယ်များတဲ့ မျက်နှာနှစ်ဖက်နဲ့ဘဝကိုဖြတ်သန်းနေရချိန်မှာပဲ “ဂါဂယောင်း” ဟာ ဘုရင်ခံချုပ်ရုံးရဲ့ ဩဇာကြီးမားတဲ့ဂျပန်အရာရှိကြီး ဆာတိုရှင်းအိချိရဲ့မွေးစားသားဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှ တိုင်းပြည်ကိုပြန်ရောက်လာတဲ့ ထူးချွန်တဲ့စကားပြန် “ဂင်ထယ်အွန်း” (Park Jin Young) နဲ့ ဆုံတွေ့ပါတော့တယ်။ အဆောက်အဦတစ်ခုတည်းမှာ အတူတာဝန်ထမ်းဆောင်ကြရင်း ကိုယ်စီလျှို့ဝှက်ချက်တွေ၊ အလိမ်အညာတွေန
ဇာတ်ကားကြည့်ရန်