ဒီတစ်ခါကြည့်ရမဲ့ဇာတ်ကားသစ်လေးကတော့ မမ Meng Zi Yi နဲ့ ကိုကို Li Yun Rui တို့ရဲ့စီးရီးသစ်လေးဖြစ်ပါတယ်။ ဒီ C-Drama လေးက နန်းတွင်းရေးရာ၊ တိုင်းပြည်အကျပ်အတည်းကြားကနေ ပေါက်ဖွားလာတဲ့ လင်နန်ဒေသက အချစ်ဇာတ်လမ်းလေးကို လှလှပပလေးပုံဖော်ထားပေးတဲ့ဇာတ်အိမ်လေးပါ။မမ Meng Zi Yi နဲ့ ကိုကို Li Yun Rui တို့ရဲ့အကြည့်တစ်ချက်၊ အပြုံးတစ်ပွင့်နဲ့တင် သရုပ်ဆောင်ချက်တွေက အပိုအလိုမရှိသလို Power Couple Vibe ကြီးကိုပါ ခံစားမြင်တွေ့ရမှာမို့ လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။ ဇာတ်လမ်းအညွှန်း >>> တန့်ယန်မင်းသမီး မုဝမ်ယောင်ဟာ ကွယ်လွန်သွားရှာတဲ့မိခင်ဖြစ်သူအတွက် ဆုတောင်းမေတ္တာပို့သဖို့ရည်ရွယ်ချက်နဲ့ ချန်အန်းမြို့တော်ကနေ လင်နန်ဒေသဆီ သွားရောက်ဖို့ အမိန့်တော်ခံယူခဲ့ရရှာပါတယ်။ ကံဆိုးမလေးသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ တောင်တန်းလမ်းကြမ်းခရီးမှာ ရထားလှည်းဝင်ရိုး ကျိုးသွားခဲ့ပါတယ်။ အဲအချိန်မှာပဲ ကျေးလက်ကျောင်းကနေပြန်လာတဲ့ ပညာရှင်လူငယ်လေး ယန်ရှန်နဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ပါတယ်။ လင်နန်တောင်တန်းတွေရဲ့ မြူဆိုင်းနေတဲ့ မိုးဖွဲဖွဲလေညင်းတွေကြားမှာ သူတို့နှစ်ဦးဟာ အချင်းချင်းဖေးမကူညီရင်း အချစ်စက်ဝိုင်းလေးဟာလည်း စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ နောက်ပိုင်းမှာ ယန်ရှန်ဟာ မင်းသမီးရဲ့ပံ့ပိုးမှုနဲ့ ချန်အန်းမြို့တော်ကိုရောက်လာပြီး နန်းတွင်းမှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ယန်ရှန်က ရ
ဇာတ်ကားကြည့်ရန်