တရုတ်သမိုင်းဝင် နန်းတွင်းနိုင်ငံရေးနဲ့ အချစ်ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ အသစ်စက်စက် ထွက်ရှိလာတဲ့ "Yu Ting Yao" (御廷瑶 / Royal Betrothal) ဇာတ်လမ်းတွဲကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားဟာ စာရေးဆရာမ Xing Yan Yan ရဲ့ နာမည်ကျော်ဝတ္ထု "Jiang Shan Wei Pin" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး၊ ပရိသတ်အချစ်တော် မင်းသားချော Chen Zhe Yuan (ချန်ကျယ်ယွမ်) နဲ့ နန်းတွင်းကားတွေရဲ့ ဘုရင်မလို့ တင်စားရမယ့် မင်းသမီး Wu Jin Yan (ဝူကျင်ယန်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။သူမနဲ့ အပြိုင် ဇာတ်လမ်းကို အသက်သွင်းပေးမယ့်သူကတော့ အိမ်ရှေ့စံမင်းသားဘဝကနေ ဧကရာဇ်ဖြစ်လာတဲ့ Ying Gua ပါပဲ။ ဧကရာဇ် Ying Gua ဟာ အကျင့်ပျက်ခြစ
ဇာတ်ကားကြည့်ရန်