မထွက်ခင်ကတည်းက တမျှော်မျှော်နဲ့ မျှော်နေခဲ့ရတဲ့အလံနီဇာတ်ကားသစ်ကြီး ထွက်လာပါပြီ။ ဒီဇာတ်ကားရဲ့ဇာတ်အိမ်ဇာတ်ကွက်ကောင်းချက်ကတော့ ကြည့်ရင်း အချိန်ကုန်လို့ကုန်မှန်းတောင်သိလိုက်မှာမဟုတ်ပါဘူးနော်။ ဇာတ်လမ်းအမျိုးအစားက နန်းရေးနန်းရာဖြစ်တဲ့အပြင် Female Lead ကလည်း Male Lead နဲ့အပြိုင် ချင်းချင်းနီတဲ့ ထက်မြက်လွန်းတဲ့အလံနီပုံစံကြီးမို့ C drama ပရိသတ်တို့ ဘယ်ဘက်ဒူးပြေးထောက်ရမလဲမသိအောင်ပါ ပြာယာခတ်ကုန်မှာသေချာပါတယ်။ ပါဝင်ထားတဲ့သရုပ်ဆောင်နှစ်ယောက်ကလည်း အေးတိအေးစက်နဲ့ခပ်ချေချေကိုကိုချော Xu Kai နဲ့ အရွယ်သာငယ်မယ် ဇက မငယ်တဲ့ မမ Zhou Ye တို့ဆိုတော့ ဇာတ်လမ်းဇာတ်အိမ်နဲ့ ဇာတ်အိမ်ကလည်း သွားကောင်းနေရောပေါ့ သာ့ကျားတို့ရေ။ ဇာတ်လမ်းအညွှန်း >>> ငယ်စဉ်ကတည်းက မိဘဖြစ်ခဲ့တဲ့ ရှဲ့ချင်းယွမ်ဟာ လမ်းဘေးမှာ အနာဂတ်မဲ့စွာလှည့်လည်ကျက်စားခဲ့ရသူပါ။ အဲလိုလှည့်လည်နေရင်း မိသားစုကပ်ဘေးဆိုးကြီး ကြုံတွေ့ခဲ့ရတဲ့အပြင် စစ်ဘက်ဆိုင်ရာထဲပါ အပို့ခံခဲ့ရတဲ့ ရှန်ရွင်နဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့မိပါတယ်။ ဘဝတွေနာခဲ့ကြတဲ့သူတို့နှစ်ဦးဟာ အသက်ဆက်ရှင်ကြဖို့ ကတိသစ္စာပြုကာ လမ်းခွဲခဲ့ကြပါတယ်။ နှုတ်မဆက်ခင်မှာ ရှန်ရွင်က အမှတ်တရအဖြစ် အကြွေစေ့လေးတစ်ပြား ပေးအပ်ခဲ့ပါတယ်။ နှစ်အတော်ကြာပြီးနောက်မှာတော့ ရှဲ့ချင်းယွမ်ဟာ မိခင်ရဲ့မသင်္ကာဖွယ်သေဆုံးမှုအမှန်ကို ဖော်ထုတ်ဖို့ဆုံးဖြတ်ကာ ရှဲ့စံအိမ်တော်ဆီ သတ္တိရှိရှိပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာပဲ အာဏာစက်ထက်မြက
ဇာတ်ကားကြည့်ရန်