စစ်မာကျောင်းကြောင့် ကျခဲ့ရတဲ့မျက်ရည်၊ ကွဲခဲ့ရတဲ့အသဲတို့ကို ဖန်းမုယန်နဲ့ ပြန်ဆက်ပြီး ပြန်ပျော်လို့ရပါပြီ ပြိတ်သတ်ရေ!!! မင်းသားချန်ဖေးယွီတစ်ယောက် SE ပဲအမြဲရိုက်နေရာကနေ အခုတစ်ခါမှာတော့ ချိုအီအီအချစ်ကားလေးတစ်ကားမှာ ပါဝင်ထားပါတယ်။ ချိုအီအီအချစ်ကားမို့ ယူတို့ရဲ့ချန်ဖေးယွီကို သူများဆီတော့ ပေးရမှာပေါ့နော်။ ဒီကားလေးက အတန်းဖော်ဆက်ဆံရေးကနေမှ ချစ်သူဆက်ဆံရေးကိုပြောင်းလာတဲ့ဇာတ်အိမ်လေးပါ။ ယူတို့တော့ ဒါမျိုးမရနိုင်ပါဘူးနော်။ ဒီကားမှာ ချန်ဖေးယွီနဲ့အတူ The Guilty၊ Legend of Magnate တို့မှာ Female Lead အဖြစ်ပါဝင်ခဲ့တဲ့ Sun Qian က ကမ်မီမိတာအပြင် ရူပဗေဒမိမိပါ သရုပ်ဆောင်ထားပါတယ်။ Friendship to Lover type မို့ ချန်ဖေးယွီရဲ့ချစ်တတ်မှုတစ်သိန်းကိုပါ အားကျရင်း ရင်ကျပ်မတတ်အချိုတွေစားရမဲ့စီးရီးလေးပါ သာ့ကျား...! ဇာတ်လမ်းအညွှန်း >>> ၁၉၇၀ ပြည့်လွန်နှစ်တွေဟာ ရှင်သန်ရုန်းကန်ဖို့ရာ အင်မတန်ခက်ခဲလွန်းလှပါတယ်။ အဲလိုအချိန်မှာ ဦးထုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေတဲ့ တက်ကြွထက်သန်တဲ့ အမျိုးသမီးအလုပ်သမားလေး ဖေးနီဟာ ကံကြမ္မာပြောင်းလဲဖို့ တက္ကသိုလ်တက်ရောက်ချင်သူလေးပါ။ ဖေးနီရဲ့အလယ်တန်းကျောင်းနေဖက်ဖြစ်သူ ဖန်းမုယန်ကတော့ လူ့အသက်ကိုကယ်တင်ရင်း ဒဏ်ရာရရှိခဲ့တာမို့ သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူပါ။ ဖေးနီဟာ တက္ကသိုလ်တက်ဖို့ အထောက်အခံကောင်းရလိုတဲ့ရည်ရွယ်ချက်နဲ့ ဖန်းမုယန်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ဦးစီးကာ တာဝန်ယူခ
ဇာတ်ကားကြည့်ရန်