Yellowstone ရဲ့ Spin-off "Marshals" (၂၀၂၆) ဇာတ်လမ်းတွဲ ++++++++++++++++++++++++++++ Season (1) Complete Season (2) Ongoing Yellowstone ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ၂၀၂၄ မှာ Yellowstone ပြီးသွားပေမယ့် လူကြိုက်များတဲ့ ဇာတ်ကောင် Kayce Dutton ကို အဓိကထားရိုက်ကူးထားတဲ့ "Marshals" ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကထွက်ရှိလာပါပြီ။ ဒီကားက ရိုးရိုး ကောင်းဘွိုင်ကား မဟုတ်တော့ဘဲမှုခင်းစုံထောက် အက်ရှင်စတိုင်ဘက်ကို ပိုသွားထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ Yellowstone အပြီး ၆ လလောက်အကြာမှာ ဇာတ်လမ်းစထားပါတယ်။ Kayce Dutton (Luke Grimes) ဟာခြံကြီးကိုစွန့်ခွာပြီး ဘဝသစ်စဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ စိတ်မကောင်းစရာတစ်ခုကတော့ သူ့မိန်းမ Monica ဟာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်လို့ Kayce တစ်ယောက် သားလေးTate ကို တစ်ကိုယ်တော် ဖခင်အနေနဲ့ စောင့်ရှောက်ရင်း ကျန်ရစ်ခဲ့တဲ့ ဝမ်းနည်းမှုတွေ၊ Navy SEAL တုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ (PTSD) တွေကို ရုန်းကန်နေရပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ Navy SEAL အဖွဲ့ခေါင်းဆောင်ဟောင်း Pete Calvin က သူ့ကို Montana ပြည်နယ်က အထူး U.S. Marshals အဖွဲ့ထဲ ဝင်ဖို့ လာခေါ်ပါတယ်။ Kayce ကလည်း သူ့ရဲ့ ကောင်းဘွိုင်စွမ်းရည်ရယ်၊ စစ်သားဟောင်းတစ်ယောက်ရဲ့ အတွေ့အကြုံရယ်ကို ပေါင်းစပ်ပြီး လူ-တ်သမားတွေ၊ ဒုစရိုက်သမားတွေကို နှိမ်နင်းဖို့ U.S. Marshal တစ်ယောက် ဖြစ်လာပါတော့တယ်။ သူ့နယ်ကိုကာကွယ်ရင်း ကိုယ့
ဇာတ်ကားကြည့်ရန်