သာမန်အချစ်ဇာတ်လမ်းတွေကြည့်ရတာ ရိုးအီနေတဲ့ချစ်ပြိတ်သတ်တို့အတွက် ၁၉၉၀ ပြည့်လွန်နှစ်ရဲ့သံယောဇဉ်ဇာတ်အိမ်နောက်ခံ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးက လူငယ်သုံးဦးရဲ့သံယောဇဉ်ဇာတ်လမ်းကိုမှ ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုပါ ထည့်သွင်းရိုက်ကူးပြထားတာပါ။ MC တွေအဖြစ် Johnny Huang၊ Guan Xiao Tong နဲ့ Wang Tian Chen တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Johnny Huang ရဲ့သရုပ်ဆောင်ချက်တွေက အထူးပြောစရာမလိုတဲ့အပြင် မင်းသမီးချောလေး Guan Xiao Tong ကလဲ ဆေးစက်ကျရာအရုပ်ထင်နိုင်တဲ့သူမို့ ဒီစီးရီးလေးက လုံးဝ must watch ပါပဲနော်! ဇာတ်လမ်းအညွှန်း >>> ဆယ်ကျော်သက်အရွယ်တွေဖြစ်တဲ့ ကျန်းရှောင်မန်၊ ရှလေ့နဲ့ယန်ရှောင်တျန်းတို့ဟာ ခွဲမရတဲ့ သူငယ်ချင်းအရင်းအချာတွေပါ။ အရွယ်ရောက်လာချိန်မှာတော့ ရှလေ့ဟာ ရှန်ဟိုင်းရဲ့တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခွင့်ရရှိခဲ့ပြီး ခေတ်ရေစီးကြောင်းအတိုင်း စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့နောက် ထျယ်ရှီးချန်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ရှောင်မန်နဲ့ဆက်သွယ်ကာ စီးပွားရေးလုပ်ငန်းတွေ အတူတကွလုပ်ကိုင်ခဲ့ကြပါတယ်။ တစ်ဖက်မှာလဲ ရှောင်တျန်းဟာ မိသားစုနဲ့အတူ ဟန်ကျိုးကိုပြောင်းရွှေ့ကာ ဗိသုကာပညာရပ်ကိုသင်ယူခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံမှာ ပညာတော်သင်အဖြစ် သင်ယူခဲ့ပါတယ်။ ရှောင်မန်ကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ခွဲခွာမရတဲ့သူငယ်ချင်းသုံးဦးဟာ ကိုယ်ရွေးချယ်ရာလမ်းကြောင်းတွေကြောင
ဇာတ်ကားကြည့်ရန်