
မနေ့ညက ပြုလုပ်သွားတဲ့ WWE ရဲ့ အထင်ကရ Event ဖြစ်တဲ့ WrestleMania 41 စနေ့နေ့ညပွဲကို ကြည့်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်
ဇာတ်ကားကြည့်ရန်WrestleMania 41 - Saturday Night
2025
Rating 7.6/10 အထိရရှိထားတဲ့ အိန္ဒိယသမိုင်းကြောင်းနောက်ခံ ရာဇဝင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့အစိတ်စိတ်အမွှာမွှာနယ်မြေများကွဲနေစဉ် အချိန်ကာလ ၁၆ ရာစုခန့်က ဟိန္ဒူမျိုးနွယ်တွေရဲ့တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ မဂိုနွယ်ဝင်တွေနဲ့ ၎င်းတို့ကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့တဲ့ ဘုရင်ရှန်ဘူတို့အကြောင်းကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဘုရင်ရှီဗာဂျီနတ်ရွာစံပြီးနောက် သားဖြစ်သူရှန်ဘူက နန်းတက်လာပြီးဟိန္ဒူတို့ရဲ့နယ်မြေများကို ဘယ်လိုကာကွယ်သွားမလဲ။ မဂိုလူမျိုးများရဲ့ ဘုရင် အာရမ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ ဟိန္ဒူပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက်မှုများစတာတွေကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ခမ်းနားကြီးကျယ်စွာဖြင့် သမိုင်းကို အပြည့်အဝပုံဖော်ထားတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ပြိုကွဲသွားတဲ့ဘာသာတရားလူမျိုးရေးများအကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Chhaava
2025
အရိုးအကြောအဆစ်ကုဆရာဝန်တစ်ဦး ပျောက်ဆုံးသွားတဲ့ တကယ့်ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ မှုခင်း ထိတ်လန့်သည်းဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ လူအများက လေးစားယုံကြည်အားထားရတဲ့ ဆရာဝန်တစ်ဦး ထူးဆန်းစွာပျောက်ဆုံးသွားတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးတဲ့အခါမှာ သူငယ်ချင်း မိတ်ဆွေ လူနာများကြား၊ ပတ်ဝန်းကျင်မှာ နာမည်ပျက်လုံးဝမရှိပဲ သဘောကောင်း၊ ကူညီတတ်တဲ့ဆရာဝန်တစ်ဦးဖြစ်တဲ့အတွက် ရန်ငြိုးရန်စထားသူလည်းမရှိဘဲ ရုတ်တရက်ပျောက်ဆုံးမှုကြောင့် အမှူက ကွင်းဆက်ပြတ်နေခဲ့ပါတယ်။ မထင်မှတ်ဘဲ သံသယတစ်ခုကနေတစ်ဆင့် အစဆွဲထုတ်နိုင်လိုက်ပြီးတဲ့နောက်မှာ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ ဆရာဝန်ရဲ့သရုပ်မှန်က ဘာဖြစ်နေမလဲ လူသတ်သမားကရော ဘယ်သူဖြစ်မလဲဆိုတာကို လျို့ဝှက်ချက်အပြည့်နဲ့ စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် အိန္ဒိယမှုခင်းဖြစ်ရပ်မှန် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Fire
2025
"ချစ်သူချင်း ယုံကြည်မှုကိုစမ်းသပ်တဲ့အနေနဲ့ ဖုန်းတွေလဲကိုင်ကြတဲ့အခါ..." ဒီတစ်ခါမှာတော့ 2025ရဲ့အသစ်စက်စက် Rom-Com ဇာတ်ကားကောင်း "Loveyapa" နဲ့မိတ်ဆက်ပေးပါရစေ မင်းသား Junaid Khan နဲ့ မင်းသမီး Khushi Kapoor တို့ရဲ့ အချစ်ဟာသကားလေးပါ အလွန်ချစ်ကြတဲ့ချစ်သူနှစ်ယောက် မိဘအိမ်မှာခေါ်တွေ့ခံရတဲ့အခါ ယောက္ခထီးကြီးကလက်ထပ်ဖို့သင့်မသင့်ဆုံးဖြတ်ချင်တဲ့အတွက် ကောင်မလေးဖုန်းကို သူ့ကောင်လေးဖုန်းနဲ့ တစ်ရက်လဲခိုင်းခဲ့ပါတယ် လူငယ်တွေမှာ သေချာပေါက်ဖုံးကွယ်ထားတာတွေ၊ အပျော်အပျက်တွေ အများကြီးရှိကြပါတယ် အချင်းချင်းလျှို့ဝှက်ချက်တွေသိသွားတဲ့အခါ ဒီနှစ်ယောက်ကြားမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲ? ယုံကြည်ပြီးဖြေရှင်းနိုင်မှာလား? လမ်းခွဲကြရမှာလား? မရပ်တမ်းရယ်ရတဲ့ဟာသတွေနဲ့ နူးညံ့တဲ့ချစ်ခြင်းကိုဖော်ပြထားတာမို့ Movie Date အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Loveyapa
2025
မနေ့ UFC 314 Main Card ပွဲတွေ အစအဆုံးပြန်ကြည့်ချင်သူတွေအတွက်ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်UFC 314: Volkanovski vs Lopes
2025
မင်းပေါင်းစုံညီတဲ့ G20 ညီလာခံမှာ အကြမ်းဖက်သမားတွေ ဝင်စီးတာကို အမေရိကန်သမ္မတက စွန့်စွန့်စားစားကယ်တဲ့ Action, Thriller အမျိုးအစား စိတ်ဝင်စားဖွယ်ရုပ်ရှင်ဖြစ်ပါတယ်။ လူမည်းအမျိုးသမီး သမ္မတဒယ်နီရယ်ဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံ 20နဲ့ G20 ညီလာခံမှာ တောင်အာဖရိကက လယ်သမားတွေအကျိုးပြု ငွေကြေးစနစ်အသစ် အဆိုပြုဖို့ အပတ်တကုပ်ကြိုးစားနေပါတယ်။ သူ့မှာ သားနဲ့သမီးရှိပြီး 18နှစ်ပြည့်တော့မယ့် သမီးဖြစ်သူ ဆရီနာဟာ အမေဖြစ်သူကို ချုပ်ချယ်လွန်းတယ်ထင်ပြီး အိမ်တော်ကနေ အမြဲခိုးထွက်လေ့ရှိပါတယ်။ နည်းပညာပိုင်းလည်း ကျွမ်းကျင်တာကြောင့် အမြဲတစ်ပန်းသာပြီး ပြည်သူလူထုအမြင်မှာ သမ္မတကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ မကြာခင် G20ညီလာခံလုပ်တဲ့အချိန် ကိုယ်ကျိုးရှာတဲ့ အကြမ်းဖက်အုပ်စု ဝင်စီးပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ဓားစာခံလုပ်ထားတဲ့အချိန် ဒယ်နီရယ်က အစွမ်းပြပြီး မိသားစုနဲ့ ခေါင်းဆောင်တွေကို ကယ်တင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်G20
2025
ဒီတစ်ခါတော့ ရှည်ရှည်ဝေးဝေးညွှန်းစရာမလိုတဲ့ Sport Drama ကောင်းတစ်ပုဒ်ဆိုတာပြောထားပါရစေ 2025မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ "Test" ဆိုတဲ့ဇာတ်ကားပါ အိန္ဒိယရဲ့ National Sport လို့တောင် တင်စားရလောက်တဲ့ Cricket ကစားနည်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ဇာတ်လမ်းက ပုံမှန် Sport Drama တွေလိုမဟုတ်ဘဲ အားကစားပွဲတစ်ခုရဲ့နောက်ဘက်မှာ ဖြစ်ပျက်နေတဲ့ လူတွေရဲ့မတော်လောဘတွေ၊ အားကစားသမားကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ မိသားစုဘဝကိုပါ အကွက်ကျကျထည့်သွင်းဖော်ပြထားပါတယ် စိတ်အားထက်သန်စရာ ပြိုင်ပွဲအချိန်တွေ၊ စိတ်လှုပ်ရှားစရာ ဘဝအဖြစ်အပျက်တွေကို ရသစုံစွာကြည့်ရှုရမှာဖြစ်တဲ့အတွက် အရွေးမမှားမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Test
2025
ကာသော်လို့နာမည်ရတဲ့ ရှေးဟောင်းရွာလေးနဲ့ အဲဒီရွာအနားက တောကြီးထဲမှာရှိတဲ့ ရေကန်တစ်ကန်၊ ရေကန်ထဲကို လပြည့်ညတိုင်း စုန်းမခုနှစ်ယောက်က ရေလာချိုးကြတယ်ဆိုတဲ့ ဒဏ္ဍာရီလာ ဇာတ်လမ်းပုံပြင်ကို လက်တွေ့မှာ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် မာဗင်တို့ အဖွဲ့ကသွားရောက်ခဲ့ကြပါတယ်။ တောထဲကို မရောက်ခင် ကာသော်ရွာမှာတင် ဒေသခံတွေကို မေးမြန်းကြည့်တော့ ဒီတောထဲကို ဝင်သွားတဲ့သူမှန်သမျှ အသက်ပြန်ရှက်လျှက်ထွက်မလာနိုင်တဲ့အတွက် မသွားဖို့ရာတားခဲ့ကြပါတယ်။ အဲဒါအပြင် ကာသော်ရွာလေးမှာလည်း စုန်းမနဲ့ပတ်သက်ပြီး ယုံတမ်းပုံပြင်တွေ ရှိနေတဲ့ကိုယ်တွေ့အဖြစ်အပျက်တွေ ရှိနေတာကိုသိခဲ့ရပါတယ်။ မာဗင်တို့သူငယ်ချင်းလေးယောက်က တောထဲကိုဝင်သွားပြီး စုန်းမတွေရေချိုးတာကို လက်တွေ့ရိုက်ကူးမှုလုပ်နိုင်ခဲ့သလား။ ဘယ်သူတွေကတောထဲကနေ အသက်ရှင်လျှက်ပြန်ထွက်လာနိုင်မလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည်ရှုရမယ့် ထိတ်လန့်ကြောက်ရွံစရာအပြည့်နဲ့ အိန္ဒိယသရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Murmur
2025
ကလေးဘဝကထဲက ခင်မင်ရင်းနှီးခဲ့တဲ့သူငယ်ချင်းသုံးယောက်ဟာ ရဲအရာရှိများဖြစ်လာကြပါတယ်။ ဝရမ်းပြေးလူဆိုးကို ဖမ်းဖို့အတွက်ကြံစည်လိုက်တိုင်းမှာ ဝရမ်းပြေးနာမည်ကျော် လူဆိုးက ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းမှာရှိတဲ့ ရဲများသာဒဏ်ရာရ အသက်ဆုံးရှုံးကြရတဲ့အခါမှာ ရဲဌာနအတွင်းမှာ လူဆိုးကိုသတင်းပေးနေတဲ့ သစ္စာဖောက်တစ်ဦးရှိမယ်လို့ ယူဆလိုက်ကြပါတယ်။ သူငယ်ချင်းသုံးယောက်က သစ္စာဖောက်သတင်းပေးကိုဘယ်လိုရှာဖွေကြမလဲ။ ထင်မှတ်မထားတဲ့ သတင်းပေးကရော ဘယ်သူဖြစ်နေမလဲ။ ရဲအရာရှိတစ်ဦး အသတ်ခံရမှုကနေပတ်သက်ပြီး စုံစမ်းစစ်ဆေးရာကနေ လိမ်လည်မှု သစ္စာဖောက်မှုများကို ရှာဖွေတွေ့ရှိရမယ့် Rating 7/10အထိ ရရှိထားတဲ့ အိန္ဒိယ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Deva
2025
စကော့ပတ်ဆိုတဲ့ ဒီဂျေတစ်ယောက်က နာမည်ကြီးမှုမရှိတော့ဘဲ သူ့အခွေတွေကိုတောင် ဆိုင်တွေမှာ ဈေးပေါပေါရောင်းချနေရတဲ့အထိ အောင်မြင်မှုကျဆင်းနေတဲ့လူပါ သူ့ကိုယ်သူတော့ မအောင်မြင်တော့တာလက်မခံနိုင်သူတစ်ဦးပေါ့ တစ်နေ့ ရဲမေတစ်ယောက်က သူ့ကိုဖမ်းခေါ်ပြီး သူ့မိတ်ဆွေဒီဂျေတစ်ဦးဖြစ်တဲ့ ဗက်စတက်နောက်နဲ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းကိုဖော်ထုတ်ချင်တာကြောင့် စကော့ပတ်ကို လျှို့ဝှက်အေးဂျင့်လုပ်ပေးဖို့ တောင်းဆိုလာပါတော့တယ်။ အဲ့ဒီအခွင့်အရေးကိုအသုံးချကာ သူ့အောင်မြင်မှုကိုပြန်ရယူဖို့ရော မူးယစ်ဂိုဏ်းကိုရောဘယ်လိုဖမ်းမလဲဆိုတာရော ကြည့်ရှုရမယ့် ပြင်သစ်ဟာသကားသစ်လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Banger
2025
ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်လာတဲ့ အင်ဒိုဇာတ်ကားလေးပါ။ နီယာလာလို့ခေါ်တဲ့ ဆရာဝန်မလေးရဲ့ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတဲ့ မိသားစုဒရမ်မာကားလေးဖြစ်ပါတယ်။ တံငါရွာလေးတစ်ရွာမှာနေထိုင်တဲ့ နီယာလာဟာ ငယ်စဥ်ကတည်းက ဆရာဝန်ဖြစ်ဖို့အိမ်မက်မက်ခဲ့သူတစ်ယောက်ပါ။ မိခင်ဖြစ်သူ သေဆုံးသွားပြီးတဲ့နောက် ငယ်သူငယ်ချင်းဖြစ်သူ ဖိုင်အီတို့မိသားစုနဲ့အတူ ပညာသင်ဖို့ ဂျာကာတာကို လိုက်သွားခဲ့ပါတယ်။ အချိန်တွေကုန်လွန်လာပြီးတဲ့နောက် နီယာလာတစ်ယောက် ဆရာဝန်ဖြစ်လာခဲ့ပြီး ရွာကိုပြန်ရောက်လာခဲ့ပါတယ်။ အထူးကုဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ နီယာလာ့အတွက် မိသားစုအကြွေးများကို ပြန်ဆပ်ဖို့ လုပ်ငန်းရှင် မစ္စတာကော့စ်မက်ရဲ့ သား ရော်ဂျာနဲ့ လက်ထပ်ဖို့ဖြစ်လာရပါတယ်။ ရော်ဂျာက နီယာလာ့ကို တကယ်မြတ်မြတ်နိုးနိုးချစ်ပါ့မလား၊ ငယ်သူငယ်ချင်းလည်းဖြစ် ဘေးနားက အစ်ကိုလိုစောင့်ရှောက်ပေးနေတဲ့ ဖိုင်အီနဲ့ရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ၊ နီယာလာရဲ့ဘဝလေး အေးချမ်းနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းအလှည့်အပြောင်းလေးတွေနဲ့ ကြည့်ရှုရမယ့် အင်ဒိုဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Promised Hearts
2025
Psychological Thriller ကိုမှ cult အယူအဆကိုးကွယ်မှုတွေ အစွန်းရောက်သဘောတရားတွေ ထည့်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အေရီယယ်က အောင်မြင်တဲ့စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်စာရေးဆရာမလေး...အထက်လူကြီးက ဦးနှောက်ဖောက်စားတာခံနေရတဲ့သူ...အဲဒီအချိန်မှာပဲ အနှစ် 30လောက်ပျောက်သွားတဲ့ တစ်ချိန်က နာမည်ကျော် pop အဆိုတော်ကြီး မိုရက်တီက အယ်လ်ဘမ်အသစ်ထွက်မယ်လို့ သတင်းလွှင့်လိုက်တဲ့အတွက် သူ့ပရိသတ်တွေရော မီဒီယာလောကမှာပါ အုတ်အော်သောင်းနင်းဖြစ်သွားတာပေါ့။ မိုရက်တီကလည်း အေရီယယ်အပါအဝင် ဂျာနယ်လစ်တွေကို သူ့ရဲ့သီးသန့်ခြံထဲမှာ ပွဲတက်ဖို့ ဖိတ်ထားတယ်။ အေရီယယ်ကတော့ စရောက်တုန်းက ဂုဏ်ယူဝမ်းသာနေပေမယ့် မိုရက်တီရဲ့အစေအပါးတွေနဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကြောင့် မသိုးမသန့်ဖြစ်လာပါတယ်။ သူတို့အတူလာတဲ့လူတွေထဲကပါ တစ်ယောက်စနှစ်ယောက်စ ပျောက်သွားတဲ့အခါမှတော့ မိုရက်တီရဲ့ ရည်ရွယ်ချက်အစစ်က ဘာလဲ...ဒီတွေ့ဆုံပွဲနောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေရှိနေတာလဲဆိုတာ လက်တွေ့ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Opus
2025
အသက်ရှင်ဖို့ရက်သိပ်မကျန်တော့တဲ့လူတစ်ယောက်ရဲ့ ဘဝမှာ အမှတ်တရတွေကို ဘယ်လိုယူဆောင်ပြီးပုံဖော်သွားမလဲ ။ ကင်ဆာရောဂါရဲ့နောက်ဆုံးအဆင့်ကိုခံစားနေရဲ့ တဲ့ ဂျိုရီတာနဲ့ သူ့အနားက တစ်ဖဝါးမှမခွာပဲ ပြုစုကုသပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူအမ်မာ။ဘဝတစ်လျှောက်မှာ အတူတူဖြတ်သန်းခဲ့ဖူးတဲ့အမှတ်တရတွေကို မမေ့မလျော့ပြန်လည်တမ်းတအောင့်မေ့ကြရင်းနဲ့ မပြောဖြစ်ခဲ့တဲ့ လျို့ဝှက်ထားတဲ့ ကိစ္စကိုလည်း ထုတ်ပြောဖြစ်ခဲ့ကြပါတယ်။ Rating 7.8/10 အထိရရှိထားပြီး ဇနီးမောင်နှံနှစ်ဦးကြားက ချစ်ခင်ကြည်နူးမှုများကို ရသမြောက်အောင်ပုံဖော်ထားပေးပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကိုရောက်ခါနီးတဲ့ဇနီးတစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူရဲ့ အနစ်နာခံပေးမှူတွေကို ဖော်ကြူးပြသထားတဲ့ အိန္ဒိယအချစ်ဒရမ်မာ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Ei Raat Tomar Amar
2025
ဒီရုပ်ရှင်ကတော့ တေလေဂူးစကားပြော နိုင်ငံရေးမှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားဖြစ်ပြီး တကယ့်အပြင်ကနာမည်ကြီးနိုင်ငံရေးသမား YS Vivekananda Reddy အသတ်ခံရမှုအပေါ်အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါယာနန်ဒါရက်ဒီက နိုင်ငံရေးလောကမှာနာမည်ပျက်မရှိသလို အကူညီလာတောင်းတဲ့သူတိုင်းကိုလည်း သေချာကူညီပေးတတ်လို့ လူချစ်လူခင်ပေါပြီး နာမည်နဲ့ဩဇာအရမ်းလွှမ်းမိုးမှုရှိပါတယ်။ ဒါပေမဲ့တစ်နေ့မှာတော့ ဒါယာရန်ဒါတစ်ယောက် သူ့အိပ်ခန်းထဲမှာတင် ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ အဲဒါနဲ့ဒီအမှုကိုဖြေရှင်းဖို့ ဝန်ကြီးချုပ်က အကြောက်တရားကင်းမဲ့တဲ့ရဲမေဆူဒါကို တာဝန်ပေးပြီး ထောက်လှမ်းရေးဌာနရဲ့ခေါင်းဆောင်အဖြစ်ပါခန့်အပ်လိုက်ပါတယ်။ ဆူဒါလည်း အမှုကိုတောက်လျှောက်စုံစမ်းလာရင်း ဘယ်လိုအခက်ခဲတွေ၊ အလိမ်ညာတွေ၊ နိုင်ငံရေးကစားကွက်တွေ၊ အရှုပ်တော်ပုံတွေကိုမြင်ရမလဲဆိုတာ ဒီကားထဲမှာစောင့်ကြည့်နိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Hathya
2025
ကျူးလစ်ပန်းတွေပြည့်နေတဲ့ ဟော်လန်ဆိုတဲ့မြို့လေးကို ပြောင်းလာတဲ့ဆရာဝန်မိသားစုမှာ ဖရက်၊ နန်စီနဲ့ သားလေးဟယ်ရီတို့ ပါဝင်ပါတယ်။ ဆရာဝန်ဖြစ်တဲ့ ဖရက်က ဟော်လန်မြို့လေးမှာ နာမည်ကျော် ဂုဏ်သတင်းနဲ့ လူသိများတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး နန်စီက ဒီမြို့လေးမှာ သူတို့ဘဝက ပြီးပြည့်စုံပြီး လုံခြုံပျော်ရွှင်ရတယ်လို့ မှတ်ယူထားတာပေါ့။ ဒါမဲ့ မထင်မှတ်ဘဲ ဖရက်က တခြားမြို့ကမိန်းမနဲ့ ဖောက်ပြန်နေတယ်ဆိုပြီး သံသယဝင်လာတဲ့ နန်စီက သူ့လုပ်ဖော်ကိုင်ဖက် ဒေ့ဖ်နဲ့အတူ ဒါကိုဖော်ထုတ်ဖို့ ကြိုးပမ်းရင်း ဒေ့ဖ်နဲ့ပါ ငြိသွားပါတယ်။ စုံစမ်းကောင်းပြီး ဖရက်ရဲ့သရုပ်မှန်နဲ့ အတိတ်ကိုပါ သိသွားတဲ့အခါမှာတော့ နန်စီထင်ထားတဲ့ perfect life ရဲ့ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Holland
2025
အမေတစ်ယောက်တည်းနဲ့ကြီးပြင်းလာတဲ့ လယ်သမားမိသားစုက ကောင်မလေးအိုဒက်ဆာက ဂီတကိုမြတ်နိုးပြီး ကမ္ဘာအနှံ့လှည့်လည်ချင်တဲ့အိမ်မက်က ငယ်ငယ်ကတည်းကရှိပါတယ်၊ အဖေဖြစ်သူက ခြေသလုံးအိမ်တိုင်နဲ့ဂီတာတစ်လုံးနဲ့ ကမ္ဘာအနှံ့လျှောက်သွားပြီး ဆုံးသွားတာပါတယ်၊ အဖေ့ခြေရာနင်းချင်တဲ့သမီးလေးက အမေဖြစ်သူလည်းဆုံးရော အဖေ့အမွေပစ္စည်းဖြစ်တဲ့ ဂီတာလေးတစ်လက်နဲ့ မြို့အနှံ့လှည့်ပတ်ရင်း ထူးဆန်းပြီး အန္တရာယ်များတဲ့ ဘာသာရေးမှိုင်းတိုက်ခံထားရတဲ့မြို့တစ်မြို့ကိုရောက်တဲ့အခါမှာတော့ သူမအချစ်စစ်ကိုတွေ့သွားပြီး အဲ့မြို့ထဲမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံမလဲဆိုတာ ကြည့်ရမယ့် musical movie ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်O'Dessa
2025
IMDB 8/10 အထိရရှိထားတဲ့ ဟာသဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နဂါးက ဘဝကို ဆိုးမိုက်ပေတေတဲ့အခြေအနေမျိုးနဲ့ဖြတ်သန်းလာခဲ့ပြီး ကောလိပ်ကျောင်းက ထွက်ခဲ့ရတဲ့အချိန်ထိ သူ့ကိုယ်သူမပြင်မဆင်ပဲ နှစ်နှစ်လုံးလုံးအလုပ်လက်မဲ့ဘဝနဲ့ဖြတ်သန်းခဲ့ပါတယ်။ ရည်းစားဖြစ်သူက လက်ထပ်တော့မယ့်အချိန်ရောက်မှာသူအလုပ်အကိုင်မရှိ ဘွဲ့မရခဲ့တဲ့အခြေအနေကြောင့် ရည်းစားဖြစ်သူက ပြီးပြည့်စုံတဲ့ယောကျာ်းတစ်ဦးကိုရွေးချယ်သွားတယ်ဆိုတာ သိလိုက်တဲ့အချိန်မှာတော့ သူ့ကိုယ်သူရည်းစားဖြစ်သူလက်ထပ်လိုက်တဲ့သတို့သားထက်သာလွန်ပြီး ပြီးးပြည့်စုံတဲ့အခြေအနေကိုအလွယ်တကူရောက်ဖို့အတွက် ကြံစည်တဲ့အချိန်မှာတော့ ဘွဲ့မရ၊ နောက်ခံမရှိတဲ့ နဂါးတစ်ယောက်က ဘယ်လိုအလိမ်အညာတွေသုံးပြီးတော့ထိပ်ဆုံးကိုရောက်အောင်တက်လှမ်းမလဲဆိုတာကို ဟာသလေးနှောပြီးရိုက်ကူထားတဲ့ပညာပေးဒရမ်မာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Dragon
2025
ပရတ်ဘူဆိုတဲ့ကောင်လေးက အချစ်ဦးကိုမမေ့နိုင်ဘဲ အချိန်အကြာကြီးခံစားနေရတဲ့သူပါ။ ဒါပေမဲ့မိဘတွေရဲ့လှုံ့ဆော်မှုနဲ့ အတန်းဖော်သူငယ်ချင်းနဲ့ အိမ်ထောင်ပြုရတော့မယ်။ ဒါပေမဲ့အဲဒီအချိန်မှာပဲ အချစ်ဆုံးဖြစ်ခဲ့တဲ့ငယ်ချစ်ဦး နီလာက မင်္ဂလာဆောင်ကိုလှမ်းဖိတ်တယ်။ အဲဒါနဲ့ ပရတ်ဘူလည်း အချစ်ဦးကိုချစ်သေးလားသိချင်လို့ မင်္ဂလာဆောင်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့နှစ်ယောက်အတိတ်မှာအရမ်းချစ်ခဲ့ကြပေမဲ့ နီလာရဲ့အဖေက သူတို့နှစ်ယောက်ကိုသဘောမတူခဲ့ဘူး။ အဲဒါနဲ့ပရတ်ဘူလည်း ကြိုးစားဖို့ကြံစည်ခဲ့ပေမဲ့ ပရတ်ဘူ့အဖေကင်ဆာကြောင့် ခြောက်လပဲခံတော့မယ့်အကြောင်းသိလိုက်ရတဲ့အချိန်မှာ သူ့ရင်အကွဲခံပြီး နောက်ဆုတ်ရင်း နီလာ့ကိုထားခဲ့လိုက်ပါတယ်။ အကြောင်းမှန်တွေမသိတဲ့နီလာက ပရတ်ဘူ့ကိုစိတ်နာပြီး သူ့အဖေပေးစားတဲ့သူနဲ့ယူဖို့စီစဉ်တော့တယ်။ မင်္ဂလာဆောင်လိုက်သွားတဲ့ပရတ်ဘူတစ်ယောက် ငယ်ချစ်ဦးနီလာနဲ့ ပြန်အဆင်ပြေနိုင်မှာလား။ ဒါမှမဟုတ် အိမ်မှာစောင့်နေတဲ့ အိမ်ကပေးစားတဲ့မိန်းကလေးနဲ့ပဲအိမ်ထောင်ကျမလားဆိုတာ ဒီအချစ်ကားလေးထဲမှာ တစ်စိမ့်စိမ့်နဲ့ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Nilavuku Enmel Ennadi Kobam
2025
IMDb 6.7 လောက် ရထားတဲ့ ဒီ Netflix Documentary ဟာဆိုရင်ဖြင့် 2011 ခုနှစ်မှာ မစ်ဆူရီ၊ ဂျော့ပလင်အထက်တန်းကျောင်းကို တိုက်ခတ်ဖျက်စီးပြီး တစ်မြို့လုံး လူ ၂၀၀ နီးပါးသေဆုံးစေခဲ့တဲ့ လေဆင်နှာမောင်းအကြောင်းဖြစ်ပါတယ်။ ဂျော့ပလင်မှာက တစ်နှစ်တစ်ခါ မုန်တိုင်းအချက်ပေးသံကြီးက မြည်နေကျမို့ တစ်မြို့လုံးကလူတွေရဲ့ အတွေးမှာ “ဪ လေဆင်နှာမောင်းလား အင်း... လေဆင်နှာမောင်းဆိုတာ လယ်ကွင်းထဲမှာလွှတ်ထားတဲ့ နွား သုံးလေးကောင်လောက်ကို ဆွဲသွားတတ်တဲ့ လေပွေကြီးပေါ့” ဆိုတဲ့ အတွေးကဝင်နေပြီးဖြစ်တယ်။ ဒီတော့ မိုးလေဝသသတင်းဌာနတွေက အဲ့နေ့မှာ လေဆင်နှာမောင်းတိုက်ခတ်မယ်လို့ ကြေညာချက်ထုတ်ပေမယ့်လည်း ကျောင်းရဲ့ နောက်ဆုံးဘွဲ့အခမ်းအနားဖြစ်တာကြောင့် အစီအစဉ်ကို မဖျက်ဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အတွေးနဲ့ တက်တက်စင်အောင် လွဲရလောက်အောင် လေဆင်နှာမောင်းက အင်အားကောင်းနေတဲ့အခါ....။ ဒီအကြောင်းကို 2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Into the Storm ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ တစိတ်တပိုင်း ရိုက်ကူးဖော်ပြခဲ့ဖူးတယ်။ လေဆင်နှာမောင်းက အထက်တန်းကျောင်းကြီးကို ဖျက်စီးသွားပုံတွေ၊ လူတွေ လေဆင်နှာမောင်းရဲ့ ဗဟိုချက်ကိုရောက်သွားပုံတွေနဲ့ ဒရမ်မာလေး နည်းနည်းရောနှောထားတာပေါ့။ ဒီရုပ်ရှင်ကိုလည်း M-Sub မှာတင်ထားပြီးဖြစ်လို့ နှိုင်းယှဉ်ကြည့်ကြည့်လို့ ရပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Twister: Caught in the Storm
2025
ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးလူငယ်အချစ်ကားလေးတွေ ရှာနေတဲ့ပရိတ်သတ်ကြီးကို ညွှန်းပေးချင်ပါတယ် 2025မှာအသစ်ထွက်ရှိထားတဲ့ "Naddaniyan " ဆိုတဲ့ဇာတ်ကားလေးပါ ဒါလေးက Ibrahim Ali Khanနဲ့ Khushi Kapoor တို့ရဲ့ပွဲဦးထွက်ဇာတ်ကားလေးမို့ ပရိတ်သတ်တော်တော်များများစိတ်ဝင်တစားစောင့်ဆိုင်းခဲ့ကြပါတယ် ဇာတ်လမ်းလေးကတော့ လူကုန်ထံအသိုင်းအဝိုင်းက ထိပ်တန်းကလေးတွေတက်ရောက်တဲ့ ကျောင်းတစ်ခုကိုမူတည်ရိုက်ကူးထားတာပါ လူငယ်တစ်ယောက်ရဲ့အတွေ့အကြံ၊ သဘာဝတွေကိုလန်းဆန်းတက်ကြွစရာမြင်ရမယ့်အပြင် အရွယ်ရောက်ချိန်မှာတွေ့ကြံရတဲ့ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ Uni Life ကိုအခြေခံထားတဲ့ Youthful Rom-Com ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တာမို့ အပန်းပြေကြည့်ရှုဖို့အကောင်းဆုံးပါပဲ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Nadaaniyan
2025
Royal ဆိုတဲ့အိန္ဒိယဇာတ်ကားကြီးကတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှာ အသစ်စက်စက်ထွက်ရှိထားပြီး ကြည့်ရှုသူ ၉၅ ရာခိုင်နှုန်းလောက်က သဘောကျနှစ်သက်ကြတဲ့ အိန္ဒိယဒရမ်မာအက်ရှင် ဇာတ်ကားပဲဖြစ်ပါတယ်။ ကံကြမ္မာတွေကိုမယုံကြည်တတ်တဲ့ဆန်ဂျာနာတစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့အတူတူ လက္ခဏာသွားဖတ်ကြတဲ့အခါမှာ ရှေ့ဖြစ်ဟောဆရာမရဲ့ဟောပြောချက်တွေက ခန့်မှန်းချက်တွေပဲဖြစ်မယ်လို့ဝေဖန်လိုက်ပါတယ်။ ရှေ့ဖြစ်ဟောဆရာမက ဆန်ဂျာနာအတွက် တားရော့သုံးချပ်ချပေးလိုက်ပြီး အဲဒီအတိုင်းဖြစ်လာလိမ့်မယ် ဖြစ်မလာဘူးဆိုရင် သူ့ရဲ့ ပညာကိုလုံးဝ စွန့်လွှတ်လိုက်မယ်လို့စိန်ခေါ်ခဲ့ပါတယ်။ ရှေ့ဖြစ်ဟောဆရာမရဲ့ ဟောပြောချက်ထဲကအတိုင်း တားရော့ကတ်ထဲကလူကြောင့်သူမဘဝပြောင်းလဲသွားမှာလား။ သူမနဲ့ဆုံတွေ့မယ့်သူကရော ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာ အပြည့်တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Royal
2025
သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး(အကြမ်းဖက်) တက်ကြွလှုပ်ရှားသူတွေက စွမ်းအင်ကုမ္ပဏီက ကြီးမှူးကျင်းပတဲ့ ရှယ်ယာရှင်ညစာစားပွဲကို လက်နက်တွေနဲ့ဝင်စီးပြီး စီအီးအိုတွေ ဝန်ကြီးတွေ အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဝန်ခံခိုင်းတာကို အဲဒီကုမ္ပဏီရဲ့ ပြတင်းပေါက်မှန်သန့်ရှင်းရေးသမားက ကယ်တင်ပေးမှာပါ။ ဂျိုဝီနဲ့မိုက်ကယ်တို့မောင်နှမဟာ ငယ်ငယ်တည်းက နှိပ်စက်ညှင်းပန်းတဲ့ဖခင်နဲ့နေခဲ့ရပြီး မောင်ဖြစ်သူ မိုက်ကယ်နှိပ်စက်ခံနေရတိုင်း ဂျိုဝီက ဘေးထွက်နေခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဉာဏ်ရည်မပြည့်တဲ့ မိုက်ကယ်ကို စောင့်ရှောက်ဖို့ဖြစ်လာပါတယ်။ အဲဒီနေ့ကတော့ ကုမ္ပဏီညစာစားပွဲလုပ်တုန်း ဂျိုဝီက အချိန်ပိုဆင်းရပြီး မိုက်ကယ်ရော အတူပါလာပါတယ်။ ဒါမဲ့ activist တွေဝင်လာပြီး သူတို့အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အချိန် နဂိုက လူမသတ်ဘဲ အပြစ်ဝန်ခံခိုင်းဖို့လုပ်ထားပေမယ့် အစွန်းရောက် လူသားရေးဆန့်ကျင်တဲ့ အကြမ်းဖက်သမားပါလာပြီး အားလုံးကို သေရွာခေါ်သွားဖို့ ကြိုးစားတဲ့အခါမှာတော့ စစ်သားဟောင်းတဖြစ်လဲ သန့်ရှင်းရေးဂျိုဝီက အဆောက်အဦးထဲက ဓားစာခံတွေနဲ့သူ့မောင်ကို ကယ်ထုတ်ဖို့ သက်စွန့်ဆံဖျားကြိုးပမ်းရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Cleaner
2025
ဘရူနိုဆိုတဲ့လူက စိတ်ဆတ်လွယ်ပြီး ပြဿနာရှာတတ်တယ်။ သူတို့ကပင်လယ်နားမှာနေပြီးတော့ သူ့မှာအမေနဲ့ညီမလေး စတက်ဖီတို့ရှိတယ်။ သူ့ညီမအိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာတော့ သာလာဗက်တီချီရာကျွန်းက ပုစွန်ခြံပိုင်ရှင်လူမိုက်မာရီယာနိုနဲ့အိမ်ထောင်ချပေးဖို့လုပ်တယ်။ ဒါပေမဲ့သူတို့ဓလေ့အရ မိန်းကလေးဘက်ကနေ ယောက်ျားလေးဘက်ကို အသွင်းပစ္စည်းဆိုပြီး ရွှေတွေပေးရပေမဲ့ ဘရူနိုတို့မှာပိုက်ဆံမရှိတော့ ရွှေတွေမပေးနိုင်ရင် မင်္ဂလာပွဲကဖြစ်မှာမဟုတ်ဘူး။ အဲဒီလိုမင်္ဂလာပွဲတွေမှာအသွင်းပစ္စည်းပေးဖို့ လိုအပ်တဲ့ရွှေတွေလိုက်ငှားတဲ့ အာဂျက်ရှ်ကို ဘရူနိုကဆက်သွယ်လိုက်ပြီး အသွင်းပစ္စည်းပေးဖို့ရွှေတွေငှားရင် မင်္ဂလာပွဲအပြီး လက်ဖွဲ့ငွေတွေကို အကုန်ပြန်ပေးမယ်လို့သဘောတူလိုက်တယ်။ ဒါပေမဲ့ ဘရူနိုကိုလူတွေကသဘောမကျကြတော့ မင်္ဂလာဆောင်ကိုလူသိပ်မလာလို့ ရွှေဖိုးပြန်ပေးရမယ့်လက်ဖွဲ့ငွေက မလောက်ဘူးဖြစ်နေတယ်။ စတက်ဖီ့အမေလည်း ရွှေတွေရအောင်ပြန်ပေးမယ်လို့အချိန်ဆွဲတော့ အာဂျက်ရှ်လည်းစောင့်ပေးရင်းအိပ်ပျော်သွားတယ်။ မနက်ကျ စတက်ဖီတို့လင်မယားရွှေတွေယူပြီး လစ်ပြေးသွားတယ်။ အဲဒါကိုမကျေနပ်တဲ့ အာဂျက်ရှ်ကလိုက်သွားမယ်လုပ်တော့ မာရီယာနိုကဘယ်လောက်အန္တရာယ်များပြီး သာလာဗက်တီချီရာကျွန်းကဘယ်လောက်မလုံခြုံဘူးလဲသတိပေးပေမဲ့ အာဂျက်ရှ်က သူ့ရွှေတွေပြန်ရဖို့အတွက် စွန့်စားပြီးလိုက်သွားရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်