"အချစ်ရဲ့ အပိုင်းအစများ" (၂၀၂၆) ရာဒါဟာ ဂီတဆရာမတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်သူ နဒိုနဲ့အတူ အသက် ၆ နှစ်အရွယ် သားလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရာဒါဟာ ခမ်းနားတဲ့အိမ်ကြီးတစ်အိမ်မှာ နေထိုင်တဲ့ ကလေးမလေးတစ်ယောက်ကို ဂီတသင်ကြားပေးဖို့ အလုပ်လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ကြီးဟာ သူမရဲ့ချစ်သူ နဒိုရဲ့ တရားဝင်ဇနီးပိုင်ဆိုင်တဲ့ အိမ်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ရာဒါတစ်ယောက် အံ့အားသင့်သွားခဲ့ရတယ်။ ဒီအမှန်တရားကို သိပြီးနောက်မှာတော့ ရာဒါဟာ နဒိုရဲ့ တခြားမိသားစုနဲ့ ပိုမိုနီးစပ်လာခဲ့ပြီး အဲဒီအိမ်ကြီးအတွင်းမှာ သူမထင်ထားတာနဲ့မတူတဲ့ အခြေအနေတွေ၊ လျှို့ဝှက်ချက်တွေ ရှိနေကြောင်း တဖြည်းဖြည်း သိရှိလာခဲ့တယ်။ တစ်ဖက်မှာတော့ နဒိုဟာ သူ့ဘဝထဲက အမျိုးသမီးတစ်ယောက်ချင်းစီကို ချစ်ခင်ကြင်နာမှုတွေနဲ့ မျှော်လင့်ချက်ပေးထားသူ ဖြစ်ပါတယ်။ သူဟာ ဘယ်သူ့ကိုမှ ပြတ်ပြတ်သားသား ရွေးချယ်ခြင်းမရှိဘဲ အမျိုးသမီးတိုင်းကို သူ့ရဲ့အချစ်ကို ရရှိနိုင်မယ်လို့ ယုံကြည်စေခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ဆီကရရှိတဲ့ အကြင်နာအနည်းငယ်လေးတွေကိုသာ အားကိုးရင်း အမျိုးသမီးတွေဟာ သူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေခဲ့ကြပါတယ်။ ရာဒါအတွက်လည်း နဒိုအပေါ်ထားရှိတဲ့ အချစ်နဲ့ သူမသိရှိလာတဲ့ အမှန်တရားတွေကြားမှာ ရွေးချယ်ရခက်တဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဒီလိုမသေချာတဲ့ ဆက်ဆံရေးထဲမှာ ဆက်လက်နေထိုင်သွားမလား၊ ဒါမှမဟုတ် သ
ဇာတ်ကားကြည့်ရန်