The Madison (2026) Season 01 (စ/ဆုံး) ဒီဇာတ်လမ်းတွဲက Yellowstone နဲ့ Tulsa King တို့လို နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖန်တီးခဲ့တဲ့ Taylor Sheridan ရဲ့ မကြာသေးခင်ကမှ အသစ်ထွက်ထားတဲ့ လက်ရာလေးပါ။ နာမည်ကြီး ဝါရင့်မင်းသမီးကြီး Michelle Pfeiffer၊ မင်းသားကြီး Kurt Russell၊ Suits ဇာတ်လမ်းတွဲထဲက မင်းသား Patrick J. Adams နဲ့ Matthew Fox တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက နယူးယောက်မြို့ကြီးမှာ အခြေကျနေတဲ့ Stacy Clyburn (Michelle Pfeiffer) တို့ မိသားစုအကြောင်းပါ။ သူတို့လင်မယားက ဆယ်ကျော်သက်အရွယ်ကတည်းက ပေါင်းသင်းလာပြီး အရမ်းချစ်ကြတဲ့စုံတွဲပေါ့။ ခင်ပွန်းဖြစ်သူ Preston (Kurt Russell) က သဘာဝတရားကို မြတ်နိုးလို့ မွန်တားနားပြည်နယ်က Madison မြစ်ဝှမ်းဒေသမှာ အိမ်ဝယ်ပြီး အမြဲသွားနေတတ်တယ်။ ဒါပေမဲ့ Stacy ရော၊ သူ့သမီးတွေရောက မြို့ကြီးပြကြီးရဲ့ အငွေ့အသက်ကိုပဲ မက်မောကြတော့ တောထဲတောင်ထဲကို တစ်ခါမှ မလိုက်သွားကြဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ကပ်ဆိုးကြီးတစ်ခု ဝင်လာတဲ့အခါ (ပထမပိုင်းမှာတင် ခင်ပွန်းဖြစ်သူ Preston လေယာဉ်ပျက်ကျပြီး ဆုံးသွားတာပါ)၊ Stacy ရော၊ သူ့ရဲ့သမီးတွေ၊ မြေးတွေပါ မွန်တားနားကို ရောက်သွားကြရတယ်။ အဲဒီမှာ နယူးယောက်က ဟန်ကြီးပန်ကြီး မြို့သူတွေနဲ့ တောတောင်သဘာဝကြား အံမဝင်ခွင်မကျ ဖြစ်ကြရတာတွေကို မြင်ရမယ်။ ကိုယ်အရမ်းချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်ကြေကွဲဒဏ်ကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆ
ဇာတ်ကားကြည့်ရန်