အဖေရော အမေရော မရှိတော့တဲ့ အပုဟာ ကျောင်းကိုလည်း ပြီးဆုံးအောင် မတက်နိုင်ခဲ့ပါဘူး။ တစ်ယောက်တည်း ရပ်တည်နေရင်း ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ကို လိုက်ရှာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်က မရသေးဘူး။ ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က ခရီးကပြန်လာရင် အလုပ်သွင်းပေးမယ်ဆိုပြီး သူ့အစ်မဝမ်းကွဲရဲ့ မင်္ဂလာဆောင်ကို အတူလိုက်ဖို့ ခေါ်လာပါတယ်။ မင်္ဂလာဆောင်ကို ရောက်သွားတဲ့အခါ သတို့သားလောင်းဟာ မင်္ဂလာချိန်နီးမှ စိတ်ဖောက်ပြန်သွားတာကြောင့် ပွဲကို ဖျက်လိုက်ရတယ်။ ဒါပေမဲ့ သတို့သမီးအတွက်တော့ ဒီမှာတင် ပြီးမသွားပါဘူး။ သူတို့ရဲ့ ထုံးတမ်းအရ အဲဒီနေ့ ဒုတိယမင်္ဂလာချိန်မှာ လက်ထပ်ပေးမယ့်သူ မရှိရင် တစ်သက်လုံး လက်ထပ်ခွင့်မရတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒါကြောင့် သူငယ်ချင်းက အပုကို သူ့အစ်မနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုလာတယ်။ အပုမှာ အဆောင်လခတောင် မပေးနိုင်ဘဲ အလုပ်လည်း ရေရေရာရာ မရှိသေးတာမို့ အစပိုင်းမှာ တွန့်ဆုတ်နေခဲ့တယ်။ နောက်တော့ သူငယ်ချင်းက သွင်းပေးမယ့်အလုပ်ကို သေချာပေါက် ရနိုင်မလားလို့ မေးပြီး လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေကနေ အပုနဲ့ အပါနာတို့ အိမ်ထောင်ရေး စတင်လာပြီး သူတို့နှစ်ယောက်ကြားက ကြင်နာမှုတွေ၊ အတူနေထိုင်ရတဲ့ နေ့စဉ်ဘဝကို ဆက်ပြထားတယ်။ အပါနာရဲ့ စိတ်နေစိတ်ထားကို သူရေးပို့တဲ့ စာတစ်စောင်ကနေလည်း တွေ့ရပါတယ်။ ပွဲတော်ရှစ်ရက်မြောက်နေ့မှာ လာမယ်လို့ ကတိပေးထားတဲ့ အပုကို သူက စောင့်နေတယ်။ တစ်ပတ်ကို
ဇာတ်ကားကြည့်ရန်