Concrete Market (2025) IMDb Rating (7.1) ဒီတစ်ခေါက်မှာတော့ အရင်က ၇ ပိုင်းပါ စီးရီးအနေနဲ့ ထွက်ရှိခဲ့ဖူးတဲ့ "Concrete Market" ဆိုတဲ့ ကားလေးကို Movie Version လေးနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လိုက်တွေအနေနဲ့ကတော့ Hi-Five ထဲက မင်းသမီး Lee Jae-In နဲ့ Weak Hero Class ထဲက မင်းသား Hong-Kyung တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီ movie version လေးမှာတော့ ဟွမ်ဂွန်းဈေးရဲ့ နောက်ခံအကြောင်းအရာထက် ဇာတ်လိုက်မင်းသမီး ချွဲဟီရိုရဲ့ ကလဲ့စားချေမှုကိုပဲ ဇာတ်ရှိန်သွက်သွက်ကလေးနဲ့ အသားပေး တင်ဆက်ပေးထားတာဖြစ်တဲ့အတွက် အချိန်မပေးနိုင်လို့ တစ်ပိုင်းတည်းအပြီး ကြည့်ချင်သူများအတွက် အထူးသင့်လျော်မှာပါ။ - ဇာတ်လမ်းအကျဉ်း - အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြိုကျမသွားခဲ့တဲ့ တစ်ခုတည်းသော တိုက်ခန်းမှာတော့ စည်သွတ်ဘူးတွေကို ငွေသားအဖြစ် အစားထိုး အသုံးပြုပြီး စားနပ်ရိက္ခာ၊ ဆေးဝါး အစရှိတာတွေကို အရောင်းအဝယ်လုပ်လို့ရနိုင်တဲ့ "ဟွမ်ဂွန်းဈေး" ဖြစ်ပေါ်လာခဲ့ပါတယ်။ တစ်နေ့မှာ စည်သွတ်ဘူးတွေကို ခိုးဖို့အတွက် ဟွမ်ဂွန်းဈေးထဲကို ခိုးဝင်လာတဲ့ ချွဲဟီရို (Lee Jae-In) က ဟွမ်ဂွန်းဈေးရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘတ်ဆန်းယုံးကြောင့် သူငယ်ချင်းဖြစ်သူ ဟန်ဆယ်ဂျောင် သေဆုံးသွားရတဲ့ မြင်ကွင်းကို အမှတ်မထင် မြင်တွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့ ဟီရိုဟာ ဘတ်ဆန်းယုံးရဲ့ ဘယ်လက်ရုံးဖြ
ဇာတ်ကားကြည့်ရန်