စူပါမင်းနဲ့ ဘတ်မန်းတို့ရဲ့ ဂန္တဝင်ကားတွေ အကြောင်းပြောပြီးတဲ့နောက်မှာတော့ ဒီတစ်ခါ သမားရိုးကျ Superhero အက်ရှင်တွေကနေ ခွဲထွက်ပြီး DC Universe ရဲ့ အမှောင်မိုက်ဆုံးနဲ့ မှော်ပညာတွေ လွှမ်းမိုးနေတဲ့ Justice League Dark (2017) အကြောင်းကို ဆက်ပြီး ပြောချင်ပါတယ်။ ကမ္ဘာအနှံ့က သာမန်လူတွေဟာ နတ်ဆိုးတွေ ပူးကပ်ခံရသလိုမျိုး စိတ်လွတ်ကိုယ်လွတ်နဲ့ ကြောက်မက်ဖွယ် လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်လာကြပါတယ်။ ဒီကိစ္စတွေက သာမန် သိပ္ပံနည်းကျ စူပါပါဝါတွေနဲ့ ဖြေရှင်းလို့မရတဲ့ "မှော်ပညာ (Magic)" နဲ့ သက်ဆိုင်နေတာကြောင့် Superman, Wonder Woman တို့လို သာမန် Justice League အဖွဲ့ဝင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် Batman က မှော်ပညာနဲ့ ပတ်သက်ရင် ဆရာတစ်ဆူဖြစ်တဲ့ John Constantine ကို သွားရှာရာကနေ Zatanna, Deadman, Jason Blood (Etrigan the Demon) နဲ့ Swamp Thing တို့ ပါဝင်တဲ့ အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းပြီး အမှောင်လောကရဲ့ ရန်သူတွေကို နှိမ်နင်းပုံကို ရိုက်ကူးထားတာပါ။ ဒီကားရဲ့ အကြီးမားဆုံး အားသာချက်ကတော့ John Constantine အဖြစ် အသံသရုပ်ဆောင်တဲ့ Matt Ryan ပါပဲ။ Live-action စီးရီးမှာကတည်းက ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ သူ့ကို Animation မှာပါ ပြန်လည်အသက်သွင်းပေးထားတာက Fan တွေအတွက် လုံးဝ Perfect ပါ။ Constantine ရဲ့ စပ်စုစု၊ လှည့်ကွက်ပေါများပြီး အမြဲတမ်း Cool ဖြစ်နေတဲ့ စတိုင်ကို အပြည့်အဝ မြင်တွေ့ရမှာပါ။
ဇာတ်ကားကြည့်ရန်