Between Steps (2026) အပိုင်းသစ် (၁၁) စိတ်ဓာတ်ကျနေသူတွေ၊ ဘဝမှာ လမ်းပျောက်နေသူတွေအတွက် ခွန်အားနဲ့ အနွေးဓာတ် အပြည့်အဝပေးနိုင်မယ့် ဇာတ်အိမ်မျိုးနဲ့ ဖန်တီးထားတဲ့ Healing Romance လူငယ်အချစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီ .. ဒီဇာတ်ကားထဲမှာတော့ K drama ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီးလေး Kim So Hyun နဲ့ "The Trauma Code: Heroes on Call" ဇာတ်ကားမှ မင်းသားချော Choo Young Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဘတ်မင်ဂျယ်(Choo Young Woo)ဟာ ငယ်စဉ်က အလားအလာရှိတဲ့ ရေကူးကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ ကြုံခဲ့ရတဲ့ရောဂါတစ်ခုကြောင့် ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ ဘဝလမ်းကြောင်းသစ်ကို ပြောင်းလဲရှာဖွေပြီး စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ကို သင်ယူလေ့လာတဲ့ Ph.D ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အင်ယူဂျင်း(Kim So Hyun)ကတော့ အဝတ်အထည်နဲ့ အထည်အလိပ်ပညာရပ်ကို သင်ယူလေ့လာရင်း ဘဝခရီးမှာ လမ်းပျောက်နေတဲ့လူငယ်တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ အမှတ်မထင်ဖြစ်ရပ်တစ်ခုကြောင့် ဌာနရဲ့ပြဿနာအိုးလို့ နာမည်တပ်ခံရပြီး ဘွဲ့လွန်သင်တန်း တက်ရောက်မယ့်လမ်းကြောင်း ပိတ်ဆို့သွားခဲ့ပါတယ်။ သူမဟာ အဲဒီလိုအကျပ်အတည်းနဲ့ စိတ်ဓာတ်ကျနေချိန်မှာ ဘတ်မင်ဂျယ်နဲ့ဆုံတွေ့ပြီး စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ဆိုတဲ့ နယ်ပယ်အသစ်ထဲကို ခြေချမိသွားပါတော့တယ်။ ဘဝမှာ ဒဏ်ရာကိုယ်စီရ
ဇာတ်ကားကြည့်ရန်