Webterovci Pribehy Na Vlakne (2025) IMDb (5.0/10) Indian Summer ဆိုတဲ့ နွေကာလလေး ရောက်ရှိလာပါပြီ။ ဒီအချိန်ဟာ ပင့်ကူတွေအတွက်တော့ "ပင့်ကူခရစ္စမတ်" လို့ တင်စားရလောက်အောင် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ အလုပ်ရှုပ်စရာတွေနဲ့ တာဝန်ဝတ္တရားတွေ ပြည့်နှက်နေတဲ့ အချိန်ပေါ့။ ဒီလိုအလုပ်များပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ကြားက ဖေဖေ Webster တစ်ယောက် အလုပ်ဒဏ်တွေပိပြီး ဖျားပါလေရော။ အဆိုးဆုံးကတော့ သူဟာ ပင့်ကူမျှင်ထုတ်တဲ့ စွမ်းအားတွေ ရုတ်တရက် ပျောက်ဆုံးသွားတာပါပဲ။ ပင့်ကူမျှင်မရှိဘဲနဲ့တော့ ခြံထဲကသစ်ပင်ကို အလှဆင်ရမယ့် ဒီရာသီရဲ့ အနှစ်သက်ဆုံး ရိုးရာဓလေ့ကြီးမှာ မိသားစုလိုက် ပါဝင်နိုင်တော့မှာမဟုတ်လို့ သမီးလေး လီလီ တစ်ယောက် စိတ်မကောင်းဖြစ်နေရှာတယ်။ ဖေဖေ အမြန်နေကောင်းဖို့ လိုနေပြီလေ။ အဲဒါကြောင့် Webster မိသားစုဝင်တွေဟာ ဖေဖေ့ရဲ့ အလုပ်တွေကိုဝိုင်းဝန်းခွဲဝေလုပ်ကိုင်ကြပါတယ်။ ညနေပိုင်းပွဲတော်စားပွဲဝိုင်းမှာ အားလုံး ပြန်လည်ဆုံစည်းကြတဲ့အခါ ဖေဖေ Webster တစ်ယောက် နေပြန်ကောင်းလာပေမဲ့ ပင့်ကူမျှင်ထုတ်တဲ့စွမ်းအားကတော့ ပြန်မရသေးပါဘူး။ဒီပွဲတော်ညစာစားပွဲကပဲ သူ့ရဲ့စွမ်းအားတွေကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်မလား။အဖွားဖြစ်သူက ပုရွက်ဆိတ်ဖုတ်လေးတွေ ပြင်ဆင်နေချိန်မှာ ကျန်တဲ့မိသားစုဝင်တွေကတော့ ဒီနှစ်အတွင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အကောင်းဆုံးနဲ့ အရင်ခုန်ရဆုံး စွန့်စားခန်းတွေကို ပြန်လည်ပြောပြရင်း ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံး
ဇာတ်ကားကြည့်ရန်