Akira (1988) ကို တစ်ကြိမ်ကြည့်ပြီးသွားတာနဲ့ “ဒါက animation တစ်ကားလား” လို မေးချင်လာလောက်မယ်ထင်ပါတယ် ။ Akira (1988) ကို ဒါရိုက်တာ Katsuhiro Otomo က ရိုက်ကူးထားပြီး၊ သူ့ကိုယ်တိုင်ရေးသားထားတဲ့ manga ကို အခြေခံထားတာပါ။ Anime လောကအတွက် “before Akira / after Akira” လိုတောင် ခွဲပြောလိုရတဲ့ အထိ သမိုင်းတစ်ခုကို ပြောင်းလဲသွားစေခဲ့ပါတယ်။ Neo-Tokyo ဆိုတဲ့ အနာဂတ်မြိုကြီးထဲမှာ လူငယ်တွေ၊ အာဏာ၊ စမ်းသပ်မှုတွေ၊ လူသားတိုရဲ့စိတ်အမှောင်ဘက်အခြမ်းတွေကို ပေါင်းစပ်ထားတဲ့ ဒီကားဟာ cyberpunk vibeကို တကယ်ပဲ အပြည့်အဝ ခံစားရစေပါတယ်။ Akira ဟာ Cyberpunk ဆိုတဲ့ အမျိုးအစားကို ကမ္ဘာက အသိအမှတ်ပြုလာအောင် ပြုလုပ်ခဲ့တဲ့ ရှေ့ဆောင်ကားပါ။ "High Tech, Low Life" ဆိုတဲ့အတိုင်း ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေရှိပေမဲ့ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှုနဲ့ မငြိမ်မသက်မှုတွေ ပြည့်နှက်နေတဲ့ Neo-Tokyo ရဲ့ မြင်ကွင်းတွေဟာ နောက်ပိုင်းထွက်လာတဲ့ Ghost in the Shellကနေ The Matrix အထိ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ Akira ဟာ ဂျပန် animation တွေကို အနောက်နိုင်ငံတွေက အလေးအနက်ထား ကြည့်ရှုလာအောင် စတင်လုပ်ဆောင်ပေးခဲ့တဲ့ ကားလို ပြောရင် မှားမယ်မထင်ပါဘူး။ အဲ့ဒီအချိန်က anime ဆိုတာ ကလေးတွေကြည့်ဖိုပဲလို ထင်နေကြတဲ့အမြင်ကို Akira ရဲ့ ရင့်ကျက်တဲ့ ဇာတ်လမ်းသွား၊ သွေးထွက်သံယို အခန်းတွေနဲ့ အနုပညာလက်ရာမြောက်မှုတွေက ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။ “ဒါက cinema
ဇာတ်ကားကြည့်ရန်