ဇာတ်ကား / 2023The Wedding Wish
ဂျန်နီနယူးလပ်ကို ဗေဒင်ဆရာက အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာ အပြီးပြည့်စုံဆုံး အမျိုးသားနဲ့ အကောင်းဆုံးမင်္ဂလာပွဲ ကျင်းပရလိမ့်မယ်လို့ ဟောထားပါတယ်။ ဂျန်နီလည်း ၃၅ နှစ်ပြည့်ခါနီးကတည်းက စိတ်လှုပ်ရှားပြီး မင်္ဂလာခန်းမတွေ ကြိုတင်ဘိုကင်လုပ်၊ မိတ်ကပ်အဖွဲ့တွေ ငှားထားလိုက်တယ်။ ဒါပေမဲ့ မင်္ဂလာပွဲအတွက် မရှိသေးတာတစ်ခုက သူ့ကိုလက်ထပ်မယ့် သတို့သားလောင်းပါ။ ဒီလိုနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီကိုယူပြီး သတို့သားရှာပုံတော် ဖွင့်ရပါတော့တယ်။ ၂၀၂၃ ခုနှစ်ထွက် ဒီအချစ်ဟာသကားမှာ ဂျန်နီရဲ့အဖော်ရှာပုံနဲ့ အဲဒီကြားက အလွဲတွေကို ရိုက်ပြထားပါတယ်။ သူမျှော်လင့်ထားတဲ့ သတို့သားလောင်းကို တွေ့ပြီး ဟောကိန်းအတိုင်း ဖြစ်လာမလား၊ ဒါမှမဟုတ် ဟောထားသလို မဖြစ်နိုင်ဘူးဆိုတာကိုပဲ လက်ခံရမလား။
ဇာတ်ကားကြည့်ရန်